swab တစ်ကြိမ်ကနေ နှစ်ကြိမ်ထိ စစ်ဆေးခံရမှာ ဖြစ်ပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဒုတိယဝန်ကြီးတွေဟာ သက်ဆိုင်ရာ နယ်မြေအလိုက် မဲဆွယ်စည်းရုံးရေးတွေသွားရောက်ပြီး နေပြည်တော်ကို ပြန်လည်ရောက်ရှိလာပါက ကွာရန်တင်းဝင်ရမှာဖြစ်တယ်လို့ နေပြည်တော်ကျန်းမာရေးဦးစီးဌာနမှ သိရပါတယ်။ 

နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ ကိုယ်ဝင်ရောက်ယှဉ်ပြိုင်မယ့် မြို့နယ်တွေကိုသွားရောက်ပြီး မဲဆွယ်စည်းရုံးတွေလုပ်ဆောင်လျှက်ရှိရာ နေပြည်တော်ကို ပြန်လာတဲ့အခါမှာတော့ သွားခဲ့တဲ့ဒေသပေါ်မူတည်ပြီး ကွာရန်တင်းဝင်ရောက်စေကာ swab ယူစစ်ဆေးမှုတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။



“ ဒီကာလမှာတော့ ဘယ်သူမဆို နေပြည်တော်ထဲဝင်တယ်ဆိုတာနဲ့ ကွာရန်တင်းဝင်ရတာပေါ့နော်။ အဲဒီထဲမှာ ဝန်ကြီးတွေလည်းပါပါတယ်။ သူတို့မဲဆွယ်စည်းရုံးရေးသွားတယ်။ ပြန်လာရင် သွားခဲ့တဲ့ဒေသပေါ်မူတည်ပြီးတော့ swab နှစ်ကြိမ်ယူသင့်ရင်ယူတယ်။ ပုံမှန်ဆို ၁ကြိမ်ပါပဲ။ အခုတော့ ပြန်လည်ဝင်ရောက်လာတဲ့သူတွေမရှိသေးဘူး။ရှေ့ကာလကတော့ နိုင်ငံတော်အကြီးအကဲ (၁၀)ယောက်လောက် ကွာရန်တင်းဝင်ပြီး ဓာတ်ခွဲစစ်ဆေးခဲ့တာတွေရှိတယ်”လို့ နေပြည်တော် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ မြတ်ဝဏ္ဏစိုးက Duwun ကိုပြောပါတယ်။

ဝန်ကြီးတွေအနေနဲ့ သွားခဲ့တဲ့ ဒေသပေါ်မူတည်ကာ swab (၁)ကြိမ်စစ်ဆေးရပါက ကွာရန်တင်း (၃)ရက်ဝင်ရတာဖြစ်ပြီး နှစ်ကြိမ်စစ်ဆေးခံရမည်ဆိုပါက (၆)ရက် ကွာရန်တင်းဝင်ရမှာဖြစ်ပါတယ်။ လတ်တလောမှာ ကိုဗစ်ကာလကြောင့် ပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးတွေကို ရပ်နားထားရပြီး ကိုယ်စားလှယ်တစ်ဦးချင်းအလိုက်တော့ သက်ဆိုင်ရာနယ်မြေအလိုက် မဲဆွယ်စည်းရုံးမှုတွေကိုတော့ လုပ်ဆောင်လျှက်ရှိပါတယ်။

မဲဆွယ်စည်းရုံတဲ့အခါမှာလည်း လူအများနဲ့ထိတွေ့မှုတွေရှိတာကြောင့် နိုင်ငံတော်အကြီးအကဲတွေကိုက ကွာရန်တင်းဝင်ရောက်စေပြီး ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။ နေပြည်တော်က အစိုးရရုံးများစိုက်ရာနယ်မြေတစ်ခုဖြစ်သလို နိုင်ငံတော်အကြီးအကဲတွေနေထိုင်ရာဒေသဖြစ်တဲ့အတွက် ကိုဗစ်ထိန်းချုပ်ရေးကို အထူးကြပ်မတ်ဆောင်ရွက်လျှက်ရှိပါတယ်။ အစိုးရဝန်ထမ်းအားလုံးကိုလည်း ကိုဗစ်ပိုး ရှိ၊မရှိ စစ်ဆေးမှုတွေပြုလုပ်ထားပြီး လက်ရှိမှာတော့ ဝန်ထမ်းတွေကို နှစ်ပတ်နား ၊နှစ်ပတ်ရုံးတက်နဲ့ အလှည့်ကျတာဝန်ထမ်းဆောင်ခိုင်းထားတာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က