မကြာခင်မှာ ထုတ်လုပ်ဖြန့်ဝေဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

ဧရာဝတီဖောင်ဒေးရှင်းအနေနဲ့ ပြည်ပနိုင်ငံကမှာယူထားတဲ့ Mask ထုတ်လုပ်စက်ကို ပြည်တွင်းမှာ တပ်ဆင် ထုတ်လုပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Covid-19 ကပ်ရောဂါ အခြေအနေဆိုးကို ကာကွယ်ဖို့နဲ့ လက်ရှိ ကမ္ဘာ့လေထုညစ်ညမ်းမှုကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာတာကြောင့် အဆိုပါ Mask ထုတ်လုပ်စက်ကို လွန်ခဲ့တဲ့ (၆)လကတည်းက မှာယူထားခဲ့တယ်လို့လည်း ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဌ ဦးဇော်ဇော်က မနေ့ စက်တင်ဘာ (၄) ရက်က လူမှုကွန်ရက်စာမျက်နှာက တစ်ဆင့် ပြောခဲ့ပါတယ်။ 



ဓာတ်ပုံ- U Zaw Zaw FB

လက်ရှိမှာ စက်ရောက်ရှိလာပြီး တစ်ပတ်အတွင်းမှာပဲ ပြည်ပက ပညာရှင်တွေဦးစီးပြီး တပ်ဆင်လည်ပတ်နိုင်ခဲ့ပြီဖြစ်တယ်လို့ ဦးဇော်ဇော်က ဆိုပါတယ်။ စက်ရဲ့ ထုတ်လုပ်နိုင်မှုဟာ တစ်နာရီ (၅)ထောင်နှုန်းနဲ့ တစ်ရက်ကို Mask အခုရေ (၅)သောင်း ထုတ်လုပ်နိုင်မယ်လို့သိရပါတယ်။

“ စက်တွေတပ်ဆင်ဖို့ ထိုင်းက Technician နှစ်ယောက်ရောက်လာတယ်။ သူတို့က စက်တွေတပ်ဆင်ပြီး အခုစမ်းသပ်ပြီး Run နေပါတယ်။ အမြန်ဆုံးထုတ်နိုင်ဖို့ လုပ်နေပါတယ်။ "”လို့ ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စုစုပေါင်း Mask အခုရေ (၅)သန်းအထိ ထုတ်လုပ်သွားမှာဖြစ်ကာ ဝင်ငွေနည်းပါးတဲ့ ပြည်သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဝင်ငွေနည်းပါးတဲ့ပြည်သူတွေကိုပဲ အဓိကထား ဖြန့်ဝေပေးသွားမှာဖြစ်တယ်လို့လည်း ဧရာဝတီဖောင်ဒေးရှင်းကနေ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က