ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်မှာတော့ နိုင်ငံတော်သမ္မတက လူထုယုံကြည်မှုဒုတိယအမြင့်ဆုံးဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း ပြည်သူလူထုရဲ့ အင်စတီကျုးရှင်းများအပေါ် ယုံကြည်မှုအတိုင်းအတာမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူထုယုံကြည်မှု ၇၉ရာခိုင်နှုန်းရှိလာပြီး ၂၀၁၉ထက် ၉ရာခိုင်နှုန်း ပိုမိုမြင့်တက်လာတယ်လို့ သိရပါတယ်။

ဒါဟာ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လူှုပ်ရှားမှုအဖွဲ့(PACE)ရဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကောက်ယူခဲ့တဲ့ ရွေးကောက်ပွဲအကြို လူထုသဘောထားအမြင်စစ်တမ်းတွေ့ရှိချက်မှာ ပါဝင်လာတာဖြစ်ပြီး ၂၀၂၀ခုနှစ်မှာ လူထုက ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှုရှိသူ ၇၉ ရာခိုင်နှုန်း ၊ ယုံကြည်မှု မရှိသူ ၈ရ ာခိုင်နှုန်းနဲ့ ဒီမေးခွန်းနဲ့ပတ်သက်ပြီး အဖြေမသိသူ ၁၁ရာခိုင်နှုန်း ရှိတယ်လို့ ဖော်ပြပါရှိပါတယ်။



၂၀၂၀ခုနှစ် နိုင်ငံရေးအင်စတီကျူရှင်းများအပေါ် ယုံကြည်မှုစစ်တမ်းကောက်ယူရာမှာတော့ လူပုဂ္ဂိုလ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံတော်သမ္မတပါဝင်ပြီး သမ္မတကိုတော့ လူထုယုံကြည်မှု ၇၃ရာခိုင်နှုန်းရှိနေပြီး ၂၀၁၉ထက် ၄ရာခိုင်နှုန်းပိုမိုမြင့်တက်လာပါတယ်။

ဒါ့အပြင် အဖွဲ့အစည်းများအပေါ် ယုံကြည်မှုအနေနဲ့ အမြင့်ဆုံးမှာတော့ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရှိနေပြီး အဲဒီနောက်မှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ ပြည်ထောင်စုအဆင့်လွှတ်တော် ၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ၊ ဘာသာရေးခေါင်းဆောင်များ ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၊ အရပ်ဘက်အဖွဲ့အစည်းများ ၊ ကမ္ဘာ့ကုလသမဂ္ဂ ၊ နိုင်ငံပိုင် သတင်းမီဒီယာ ၊ တပ်မတော် ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၊ နိုင်ငံရေးပါတီများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ ပုဂလိကပိုင် သတင်းမီဒီယာ ၊ တရားရုံးများ ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ၊ ဖေ့စ်ဘုတ်တို့ ဖြစ်ပါတယ်။

ဓာတ်ပုံ-PACEရဲ့ ရွေးကောက်ပွဲအကြို လူထုသဘောထားအမြင်စစ်တမ်းတွေ့ရှိချက်မှ

ဒီစစ်တမ်းကိုတော့ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံသားများရဲ့ သဘောထားအမြင်ကိုသိရှိနိုင်ဖို့ PACEအဖွဲ့က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တွေ့ဆုံမေးမြန်းမှုပေါင်း ၂၅၇၇ခုကို သြဂုတ်လ ၃ရက်မှ ၅ရက်အတွင်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကိုဗစ်-၁၉ကပ်ရောဂါနဲ့အခြားလုံခြုံရေးဆိုင်ရာအခက်အခဲများကြောင့် ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ် နဲ့ ရခိုင်ပြည်နယ်တို့က နေရာတစ်ချို့မှာတော့ တွေ့ဆုံမေးမြန်းမှုကို ရည်မှန်းထားတဲ့ အရေအတွက်အတိုင်းပြုလုပ်နိုင်ခြင်းမရှိခဲ့တာကြောင့် ဒီအစီရင်ခံစာပါ တွေ့ရှိချက်တွေက ယင်းဒေသက လူထုရဲ့သဘောထားကို ထင်ဟပ်နိုင်မှာမဟုတ်ဘူးလို့ PACE က ထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က