ထော်လာဂျီယာဉ်တစ်စီးက တစ်ဖက်မျက်နှာချင်းဆိုင်မှလာတဲ့ ဆိုက်ကယ်ကိုတိမ်းရှောင်ရင်း လမ်းဘေးကို ထိုးကျခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် မှာ NLD မဲဆွယ်သည်းရုံးရေးယာဉ်တန်းမှ ယာဉ်တစ်စီးတိမ်းမှောက်ခဲ့တာကြောင့် (၃၂)ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မော်တော်ယာဉ်တန်းများနဲ့ လှည့်လည်မဲဆွယ်စည်းရုံးစဉ်မှာ ယာဉ်တန်းအတွင်းလိုက်ပါလာတဲ့ ထော်လာဂျီယာဉ်တစ်စီးက တစ်ဖက်မျက်နှာချင်းဆိုင်မှလာတဲ့ ဆိုက်ကယ်ကိုတိမ်းရှောင်ရင်း လမ်းဘေးကို ထိုးကျကာ တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ သပိတ်ကျင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုးလွင်က Duwun ကိုပြောပါတယ်။



“ ဟုတ်ပါတယ်။ မနေ့ကနေ့လယ်လောက်ကဖြစ်တာ။ NLDကိုအားပေးထောက်ခံတဲ့သူတွေမြို့တွင်းမှာ မော်တော်ယာဉ်တွေနဲ့လှည့်ပြီး အင်အားပြသခဲ့တယ်။ အဲဒီမှာဖြစ်သွားတာ။ အားလုံး ဒဏ်ရာ ရရှိသူ (၃၂)ဦးရှိတယ်။ (၆)ဦးကတော့ ဒဏ်ရာပြင်းထန်တယ်။ဦးခေါင်း ထိခိုက်ဒဏ်ရာရသူတွေလည်းပါတယ်။စိုးရိမ်ရတယ်”လို့ ဦးစိုးလွင်က ပြောပါတယ်။

ယာဉ်တိမ်းမှောက်မှုမှာ အသက် (၁၃)နှစ်အရွယ် ကလေးပါဝင်ပြီး ပြင်းထန်ဒဏ်ရာရရှိတဲ့ လူနာတွေကိုတော့ မန္တလေး ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကျိုက်ထိုမြို့မှာ လည်း NLD အောင်နိုင်ရေး လှည့်လည်သည့် ယာဉ်တန်းမှ ကားတစ်စီးတိမ်းမှောက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ (၁၀)ဦးနီးပါးရှိခဲ့ပါတယ်။

ဒီကာလမှာ ပါတီအောင်နိုင်ရေးအတွက် လှည့်လည်မှုတွေကို ရပ်နားထားဖို့ NLDဗဟိုအောင်နိုင်ရေးကော်မတီက မေတ္တာရပ်ခံတားမြစ်ထားပေမယ့်လည်း တချို့မြို့နယ်တွေမှာ ပါတီအင်အားပြသလှည့်လည်ရေးတွေကိုတော့ ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က