(၁၀) ရက်အတွင်း ကိုဗစ်စစ်ဆေးချက်ပြသနိုင်မှ ဝင်ခွင့်ပေးမှာပါ။

အမြန်လမ်းမကြီးကနေ တစ်ဆင့် မန္တလေးတိုင်းဒေသကြီးအတွင်းကို ဝင်ရောက်မယ့် ကုန်တင်ယာဉ်တွေက ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေအနေနဲ့ (၁၀)ရက်အတွင်း ကိုဗစ်ရောဂါကင်းရှင်းကြောင်း စစ်ဆေးချက် ထောက်ခံစာပါမှဝင်ခွင့်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

နေပြည်တော်က လာတဲ့ ယာဉ်တွေအနေနဲ့ကတော့ ကျန်းမာရေးထောက်ခံစာမလိုဘဲ တခြားတိုင်းနဲ့ပြည်နယ်ကလာတဲ့ ကုန်တင်ယာဉ်တွေက ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကတော့ ကျန်းမာရေးထောက်ခံစာ ပြသရမှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။



“ဒီသတ်မှတ်ချက်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကထုတ်ပြန်တာကို ကျွန်တော်တို့ အမြန်လမ်းရဲတပ်ဖွဲ့ကပြန်လည်မျှဝေပေးတဲ့သဘောပါ။ သူ့ထုတ်ပြန်ချက်အရဆိုရင် အမြန်လမ်းကနေ မန္တလေးကိုဝင်မယ့်ကုန်တင်ယာဉ်တွေအနေနဲ့ နေပြည်တော်ကနေ လာတဲ့ကားတွေကလွဲပြီး ကျန်တဲ့ကားမှာပါတဲ့သူတွေကက ကျန်းမာရေးထောက်ခံစာပါမှဝင်ခွင့်ပြုမယ်ဆိုတဲ့သဘောပါ။ မပါရင်ဝင်ခွင့်မပေးဘူး။ အမြန်လမ်းပေါ်မှာပဲရပ်ပြီး ကုန်တွေကို တ်ဆင့်ချိန်းခိုင်းတာတွေ လုပ်နေတယ်”လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူး မျိုးလင်းသန့်က Duwun ကိုပြောပါတယ်။

COVID-19 ကာလအတွင်း သယ်ယူပို့ဆောင်ရေးကိစ္စရပ်တွေနဲ့ မြို့ဝင်၊မြို့ထွက်ကိစ္စတွေမှာ အဆင်ပြေစေဖို့အတွက် ကုန်တင်ယာဉ်တွေကို ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ကနေ ဖြတ်သန်းသွားလာခွင့်ပြုထားတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကခွင့်ပြုခဲ့ပါတယ်။ ကုန်တင်ယာဉ်တွေအနေနဲ့ အမြန်လမ်းမှာ သတ်မှတ်ထားတဲ့ ဖြတ်သန်းခပေးဆောင်စေပြီး အောက်တိုဘာ(၅)ရက်နေ့ ညပိုင်းကကစလို့ အောက်တိုဘာလကုန်အထိ ဖြတ်သန်းခွင့်ပြုလိုက်တာဖြစ်ပါတယ်။

ဖြတ်သန်းသွားလာခွင့်ပြုခဲ့တဲ့ အောက်တိုဘာလ (၅)ရက်နေ့ ညနေ (၆)နာရီကနေ (၆)ရက်နေ့ ညနေ(၆)နာရီအထိ (၂၄)နာရီအတွင်း ရန်ကုန်ကနေ ထွက်ခွါတဲ့ ကုန်တင်ယာဉ် (၅၂၄)စီးနဲ့ မန္တလေးက ထွက်ခွါတဲ့ ကုန်တင်ယာဉ် (၁၁၀)စီးရှိတယ်လို့ သိရပါတယ်။ ဒီယာဉ်တွေက ရန်ကုန်၊ မန္တလေးအပါအဝင် ပဲခူးနဲ့နေပြည်တော်ကို ဝင်ရောက်တဲ့ကားတွေဖြစ်ပြီး ကျန်းမာရေးထောက်ခံချက်မပါတဲ့ကားတွေကိုတော့ အဝင်အခံဘဲ ကုန်အပြောင်း​ရွေ့တွေသာ လုပ်ဆောင်ခွင့်ပြုထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က