ရခိုင်တစ်ပြည်နယ်လုံးမှာ ကူးစက်မှုက (၁၀) ရာခိုင်နှုန်းသာရှိတော့တယ်လို့သိရပါတယ်။

ရခိုင်ပြည်နယ်မှာ လက်ရှိအချိန်ထိ ကိုဗစ်ကူးစက်ခံရသူ လူနာက တစ်ပြည်နယ်လုံးမှာ (၁,၈၁၃) ဦးရှိနေပြီး အဆိုပါ လူနာတွေအနက် (၁,၄၅၁) ဦးဆေးရုံဆင်းသွားပြီး ဆေးရုံမှာ လက်ကျန်လူနာဟာ (၃၀၀) ကျော် သာ ကျန်ရှိတော့တယ်လို့ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ပြောလိုက်ပါတယ်။ 

ဒါ့အပြင် ကူးစက်မှု အများဆုံးဖြစ်ခဲ့တဲ့ စစ်တွေမှာဆိုရင် ပျှမ်းမျှအနေနဲ့ ကူးစက်မှုက (၂၀) ရာခိုင်နှုန်းရှိနေပြီး ရခိုင်တစ်ပြည်နယ်လုံးမှာဆိုရင်တော့ ကူးစက်မှုက (၁၀) ရာခိုင်နှုန်းသာရှိတော့တယ်လို့လည်း ဒေါက်တာ စိုးဝင်းပိုင်က Duwun ကိုပြောပါတယ်။ ကိုဗစ်ဒုတိယလှိုင်းစတင်ခဲ့တဲ့ စစ်တွေမြို့မှာ ကူးစက်မှုစတင်ခဲ့တဲ့ သြဂုတ်လ (၁၆) ရက်ကစပြီး ရက်ပေါင်း (၅၀) ကျော်အကြာ အောက်တိုဘာ လ (၆) ရက်နေ့ညမှာ ကူးစက်သူတစ်ဦးမှ မရှိတဲ့‌နေ့ အဖြစ် စံချိန်တင်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။



ဓာတ်ပုံ- စစ်တွေပြည်သူ့ဆေးရုံကြီးသို့ လူနာတွေပို့ဆောင်ပေးနေစဉ်

“ တစ်ချို့ရက်တွေမှာဆိုရင် (၂၀၀) ကျော်တွေ့တယ်။ တစ်ချို့ရက်တွေကတော့ (၁၀) ဦး၊ (၁၅) ဦးလောက်ပဲတွေ့တော့တယ်။ မနေ့ကဆိုရင် စစ်တွေမှာ စစ်ဆေးတာ တစ်ယောက်မှ ပိုးမတွေ့ဘူးပေါ့နော်။ စစ်တွေအနေနဲ့ မနေ့က စပြီး Zero ထွက်တာပေါ့။ လောလောဆယ် ရခိုင်မှာ ပိုးတွေ့ရှိမှုနှုန်းက လူ (၁၀၀) မှာ (၂၀) လောက်တော့ ပိုးတွေ့နေသေးတယ်။ရခိုင်တစ်ပြည်လုံးအနေနဲ့ကတော့ ပျှမ်းမျှဆိုရင် လူ (၁၀၀) မှာ (၁၀) ယောက်လောက်ဝန်းကျင် ပိုးတွေ့နေသေးတယ်။ ဒါပေမယ့် ရခိုင်တောင်ပိုင်းမြို့နယ်တွေကတော့ အခုနောက်ပိုင်း ပိုးတွေ့တာ မရှိသလောက်ပါပဲ" လို့ ဒေါက်တာ စိုးဝင်းပိုင်က ရှင်းပြပါတယ်။

ရခိုင်ပြည်နယ်မှာ ကူးစက်မှုတွေ အများဆုံးဖြစ်ခဲ့တဲ့ မြို့နယ်တွေကတော့ စစ်တွေ၊ကျောက်ဖြူ၊ မြောက်ဦး၊ မောင်တောနဲ့ ကျောက်တော်မြို့နယ်တို့ ဖြစ်ခဲ့ပြီး အနည်းဆုံးဖြစ်ခဲ့တဲ့ မြို့နယ်တွေကတော့ သံတွဲ၊ တောင်ကုတ်နဲ့ ဂွမြို့နယ်တို့ဖြစ်ပြီး အဲဒီမြို့နယ်တွေမှာဆိုရင် ကူးစက်မှုက မရှိသလောက်ဖြစ်နေပြီလို့လည်း ဒေါက်တာစိုးဝင်းပိုင်က ဆိုပါတယ်။ ဒီနေ့ အောက်တိုဘာလ (၇) ရက် မနက်ပိုင်းအထိ စစ်တွေပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံဆင်းခွင့်ရတဲ့ ကိုဗစ်လူနာ (၈၅၆) ဦး ရှိနေပြီး လက်ရှိဆေးရုံတက်နေသူမှာ (၉၁) ဦးသာကျန်ရှိတယ်လို့လည်း စစ်တွေ ဆေးရုံအုပ် ဒေါက်တာ ဇော်လွင်က ပြောပါတယ်။

အဆိုပါ ဆေးရုံတက်နေသူ (၉၁) ဦးထဲမှာ အရေးပေါ်ကြပ်မတ်ကုသဆောင်မှာ ကုသနေသူ (၂) ဦးနဲ့ အောက်ဆီဂျင်ပေးနေရသူ (၇) ဦးရှိတယ်လို့လည်း သိရပါတယ်။ ရခိုင်ပြည်နယ်မှာ သြဂုတ်လ (၁၆) ရက်ကနေ အောက်တိုဘာ (၆) ရက်ညပိုင်းအထိ (၁၈၁၃) ဦးရှိတဲ့အနက် (၁၄၅၁) ဦးဆေးရုံဆင်းသွားပြီး (၇) ဦးသေဆုံးကာ ဆေးရုံတက်နေသူ (၃၅၅) ဦးကျန်ရှိတယ်လို့လည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က