လက်ရှိကိုဗစ်လူနာ (၂)သောင်းမှာ ပြန်လည်ပျောက်ကင်းလူနာက (၆၀၈၄)ဦးရှိပါတယ်။

ကိုဗစ်ဒုတိယလှိုင်းမှာ နိုင်ငံအတွင်းကူးစက်ပျံ့နှံ့နေတဲ့ ကိုဗစ်ပိုးက မျိုးကွဲဗီဇတစ်မျိုးတည်းဖြစ်လို့ ကူးစက်ပြီး ပြန်လည်ပျောက်ကင်းသွားတွေသူတွေအနေနဲ့ ထပ်မံပြီးရောဂါကူးစက်ခံရမျိုးမဖြစ်နိုင်ဘူးလို့ သိရပါတယ်။

photo - စစ်တွေဆေးရုံမှ ကိုဗစ်လူနာများ ဆေးရုံဆင်းမှုမှတ်တမ်း

ကိုဗစ်ပထမလှိုင်းမှာကူးစက်ခံရတဲ့ ဗိုင်းရပ်စ်ပိုးကနိုင်ငံရပ်ခြားက ပြန်လာတဲ့ ပြည်တော်ပြန်တွေကနေတစ်ဆင့်ပါလာတာကြောင့် မျိုးဗီဇ သုံးမျိုးလောက်ကွဲပြားနေတဲ့အတွက် ပျောက်ကင်းလူနာတွေအချို့မှာ ပိုးပြန်တွေ့တဲ့ဖြစ်စဉ်အချို့ရှိခဲ့ပါတယ်။ ဒုတိယလှိုင်းမှာ ပျံ့နှံ့နေတဲ့ ပိုးက မျိုးဗီဇတစ်မျိုးတည်းဖြစ်လို့ ရောဂါပျောက်ကင်းသူတွေကို ပြန်လည်ကူးစက်နိုင်ဖို့က ရာခိုင်နှုန်းအတော်နည်းပါးတယ်လို့ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး အမေး ၊အဖြေ ကဏ္ဍမှာ ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့တာပါ။



“ ဩဂုတ်လက စပြီး ခုချိန်ထိ ကူးစက်နေတဲ့ ဗိုင်းရပ်စ်ပိုးက မျိုးဗီဇ အမျိုးအစားတစ်မျိုးတည်းဖြစ်ပါတယ်။ ဒီမျိုးဗီဇပိုးတစ်မျိုးတည်းကပဲ လှည့်ပတ်ပြီး ကူးစက်နေတာဖြစ်လို့ ကိုဗစ်ပျောက်ကင်းသွားတဲ့လူနာတွေက ဒီပိုးနဲ့ပတ်သက်ပြီး ကိုယ်ခံအားကရှိပြီးသားဖြစ်လို့ ဒုတိယအကြိမ်ရောဂါကူးစက်နိုင်ဖို့က မဖြစ်နိုင်ဘူးလို့ ပြောလို့ရပါတယ်”လို့ ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းက ပြောပါတယ်။ 

ကိုဗစ် ပထမလှိုင်းမှာတုန်း ပျောက်ကင်းလူနာအချို့ တစ်လအကြာမှာ ပိုးပြန်တွေ့တာတွေရှိခဲ့ပေမယ့် တခြားသူကို ကူးစက်တာမျိုးတော့မရှိခဲ့ပါဘူး။ ဒုတိယလှိုင်းမှာ ပျံ့နှံ့တဲ့ပိုးက မျိုးဗီဇတစ်မျိုးတည်းဆိုပေမယ့် ကူးစက်မှုနှုန်မြန်ဆန်ပြီး ပိုးတွေ့လူနာ အရေအတွက်များခဲ့သလို သေဆုံးလူနာ အရေအတွက်လည်းများပြားနေဆဲဖြစ်ပါတယ်။ ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာလ (၇)ရက်နေ့ ည (၈)နာရီအထိ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံ ပိုးတွေ့လူနာ (၂၁,၄၃၃)ဦးမှာ ပြန်လည်ပျောက်ကင်းလူနာ ( ၆,၀၈၄)ဦးနဲ့ သေဆုံးလူနာ (၅၁၀)ဦးရှိပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က