အင်းစိန်မြို့နယ်က လူနာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့အသက်အကြီးဆုံးကိုဗစ်လူနာဖြစ်တဲ့ အသက် ၁၀၀နှစ်အရွယ် အဘွားဟာ ရောဂါပျောက်ကင်းသွားပြီဖြစ်လို့ ကျန်းမာစွာနဲ့ ဆေးရုံက ပြန်ဆင်းလာပြီဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အဘွားအိုက အင်းစိန်မြို့နယ်ကဖြစ်ပြီး အင်းစိန် ရိုးမကုသရေးစင်တာမှာ ဆေးကုသမှုခံယူနေသူဖြစ်ကာ ဒီကနေ့မှာတော့ ဆေးရုံက ပြန်လည်ဆင်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ မြေးဖြစ်သူမှာ ရောဂါပိုးတွေ့ရှိလို့ contact person အဖြစ် ကွာရန်တင်းထားရှိရာကနေ swab ယူစစ်ဆေးခဲ့ရာမှာတော့ စက်တင်ဘာလ (၂၃)ရက်နေ့က အဘွားမှာပါ ကိုဗစ်ပိုးတွေ့ရှိခဲ့တာပါ။



ရောဂါပိုးတွေ့ရှိပြီးနောက် အင်းစိန်ရိုးမကုသရေးစက်တာကို ပြောင်းရွှေ့ကာ ဆေးကုသမှုပေးခဲ့ပြီး ဒီကနေ့မှာပဲ negativeအဖြေထွက်လို့ ဆေးရုံကနေ နေအိမ်ကို ကျန်းမာစွာပြန်လည် ရောက်ရှိလာနိုင်ခဲ့ပြီလို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က သူ့ရဲ့ Facebook အကောင့်ကနေတစ်ဆင့် အသိပေးပြောကြားခဲ့ပါတယ်။

အဘွားက အင်းစိန် ဖော့ကန် ရဲဘော် ၁လမ်း မှာနေထိုင်သူဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အသက်ကြီးဆုံး ကိုဗစ်လူနာလည်းဖြစ်ပါတယ်။ ရောဂါပိုးတွေ့ရှိခဲ့ပြီး ဆေးရုံမှာ (၁၇)ရက်ကြာ ဆေးကုသမှုခံယူပြီးနောက် ပြန်လည်သက်သာကောင်းမွန်လာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အသက်အကြီးဆုံး ကိုဗစ်လူနာ အသက်(၁၀၀)အဘွား ဆေးရုံက ပြန်လည်ဆင်းခွင့်ရရှိလာသလို ပဲခူးက အသက်အငယ်ဆုံးဖြစ်တဲ့ (၈)ရက်သားအရွယ် ကိုဗစ်လူနာကလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ (၁)ရက်နေ့ကပဲ ဆေးရုံကဆင်းခွင့်ရရှိသွားပြီဖြစ်ပါတယ်။ အဆိုပါ ကလေးကလည်း မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး ကိုဗစ်လူနာ ဖြစ်ပြီး မိသားစုလိုက် ကူးစက်ခံခဲ့ရတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က