တစ်နေ့ကို သေဆုံးရာခိုင်နှုန်းက (၂)%ကျော်ကျော်ရှိနေပါတယ်။

cအောက်တိုဘာလ (၈)ရက်နေ့က ဓာတ်ခွဲနမူနာပေါင်း (၁၂၀၀၀)ကျော်ကို စစ်ဆေးရာမှာ ပိုးတွေ့လူနာ (၁၀၁၂)ဦး တွေ့ရှိခဲ့တာကြောင့် ယခင်ရက်တွေကထက်ဆာရင် ပိုးတွေ့လူနာ အရေအတွက် လျော့နည်းလာခဲ့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၁၅ ရက်အတွင်း ဓာတ်ခွဲနမူနာစစ်ဆေးမှုများထဲက ပိုးတွေ့ရှိမှုက ၁၁ ရာခိုင်နှုန်းကျော်မှ ၁၉ ရာခိုင်နှုန်း အောက်ရှိပြီး အောက်တိုဘာလ ၈ ရက်နေ့မှာ ပိုးတွေ့ ရာခိုင်နှုန်းက ၈ ရာခိုင်နှုန်းကျော်သာ ရှိပါတယ်။ ပိုးတွေ့လူနာ အရေအတွက် လျော့နည်းလာပေမယ့်လည်း သေဆုံးသူ ရာခိုင်နှုန်းကတော့ မြင့်တက်နေဆဲဖြစ်တယ်လို့ ကျန်းမာရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။



“ ယခင်က ပိုးတွေ့မှု ရာခိုင်နှုန်းက တစ်ရက်ကို (၁၈) - (၁၉)ရာခိုင်နှုန်းထိရှိခဲ့တယ်။ အခုပိုးတွေ့မှုနှုန်းက (၈ ဒသမ၂) ရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ်ဆိုတော့ တော်တော်လေး ကျသွားတယ်ဆိုတာတွေ့ရတယ်။ ဒါကပိုးတွေ့ရှိမှုနှုန်းပေါ့။ သေဆုံးတဲ့သူအနေနဲ့ကတော့ မနေ့ကဆိုရင်လည်း (၂၅)ဦးထပ်တိုးခဲ့တယ်ဆိုတော့ သေဆုံးရာနှုန်းက (၂.၄) ရာခိုင်နှုန်းကရှိကာ သေဆုံးမှုကတော့မကျသေးဘူး။ သေဆုံးနှုန်းက (၂)ကျော်ကျော် (၃)ဝန်းကျင်မှာရှိနေဆဲ”လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက Duwunကို ပြောပါတယ်။

နိုင်ငံတွင်း ကိုဗစ်လူနာသေဆုံးမှုတွေ မြင့်တက်နေဆဲဆိုပေမယ့် နိုင်ငံတကာနဲ့ နှိုင်းယှဉ်ပါက မြန်မာနိုင်ငံရဲ့ သေဆုံးမှုနှုန်းက များတဲ့အထဲမှာ မပါပေမယ့် ပြည်သူတွေဂရုပြုဖို့တော့ လိုတယ်လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။ အောက်တိုဘာလ (၁)ရက်နေ့ကနေ အောက်တိုဘာလ (၈)ရက်နေ့ ပိုးတွေ့လူနာစာရင်းတွေအရ အောက်တိုဘာလ (၇)ရက်နေ့က (၁၄၀၀)ဦးနဲ့ စံချိန်တင်တွေ့ရှိခဲ့တာဖြစ်ပေမဲ့ ဓာတ်ခွဲနမူနာစစ်ဆေးမှု (၁၂၃၂၂) ရှိခဲ့တာကြောင့် ပိုးတွေ့ရှိမှုက (၁၁ ဒသမ ၃၅) ရာခိုင်နှုန်းရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက သေဆုံး လူနာတွေထဲမှာ အသက် (၇၀)ကျော်အရွယ်က(၃၀)%ပါဝင်ပြီး အသက် (၆၀)ကျော်အရွယ်က (၆၀)%ပါဝင်တယ်လို့ သိရပါတယ်။ နေ့စဉ်ပိုးတွေ့လူနာနဲ့ သေဆုံးလူနာတွေတိုးနေပေမယ့်လည်း ရောဂါပြန်လည်ပျောင်းကင်းလို့ ဆေးရုံဆင်းခွင့်ရရှိသူတွေကလည်း နေ့စဉ်ရှိနေပါတယ်။ လက်ရှိအချိန်ထိ တစ်နိုင်ငံလုံးပိုးတွေ့လူနာ (၂၂၄၄၅)ဦးမှာ သေဆုံးလူနာ (၅၃၅)ဦးရှိပြီး ရောဂါပျောက်ကင်းသူက (၆၃၆၆)ဦးရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က