စွန့်ပစ်ပစ္စည်း တွေထဲမှာ အိပ်ယာခင်း၊ ခေါင်းအုံး၊ စတဲ့ အသုံးအဆောင်ပစ္စည်းတွေပါဝင်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိကွာရန်တင်းစင်တာတွေနဲ့ Semi Lockdown ပြုလုပ်ထားတဲ့ နေရာတွေကနေ ထွက်ရှိတဲ့ စွန့်ပစ်အမှိုက်ဟာ တစ်ရက်ကိုအနည်းဆုံး တန်ချိန် ၃၀ကျော်ရှိတယ်လို့ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ YCDC က သိရပါတယ်။

Photo: AMM



တိုင်းအတွင်း သံသယလူနာတွေကိုအသွားအလာကန့်သတ်ထားရှိတဲ့ Facility Quarantine စင်တာ တွေအပါအဝင်ကိုဗစ်ပိုးတွေ့လူနာတွေထားတဲ့ယာယီဆေးရုံအားလုံးပေါင်း၂၈၀ ကျော်နဲ့ Lockdown ပြုလုပ်ပြီးအသွားအလာကန့်သတ်ထားတဲ့ နေရာ၆၈၀ ကျော်ကနေ့စဉ်ထွက်ရှိတဲ့အမှိုက်တန်ချိန်ဖြစ်ပါတယ်။

"နေ့စဉ် စွန့်ပစ်အမှိုက်တွေကို နေ့ချင်းအပြီးမီးရှို့ဖျက်စီးပါတယ်။ လက်ရှိလုပ်ဆောင်နေရတာတော့ ဘာအခက်အခဲမှမရှိပါဘူး။ နေပူပူမိုးရွာတစ်ရက်မပြတ်ထွက်တဲ့အမှိုက်ကို ချက်ချင်းရှင်းလင်းပါတယ်။ အမှိုက်သိမ်း ဝန်ဆောင်မှုကိုလုပ်နေတဲ့ စည်ပင်ဝန်ထမ်းတွေထဲမှာတော့ ကိုဗစ်ကူးစက်ခံထားရတာမရှိပါဘူး"လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူးဒေါက်တာအောင်မြင့်မော် ကပြောပါတယ်။ 

Photo: AMM

ကွာရန်တင်းစင်တာနဲ့ Lockdownလုပ်ထားတဲ့နေရာတွေကနေ နေ့စဉ်စွန့်ပစ်အမှိုက်ထွက်ရှိမှုဟာ အနည်းဆုံးအမှိုက်တန်ချိန် ၃၀ ကနေ တန်ချိန် ၄၀ ကျော်အထိ ရှိပါတယ်။ အဲ့ဒီနေရာတွေက ထွက်ရှိတဲ့စွန့်ပစ်ပစ္စည်းတွေကို သိမ်းဆည်းရာမှာ ပိုးသတ်ဆေးဖြန်းပြီးမှသယ်ဆောင်ခြင်းဖြစ်ပြီးလက်ရှိမှာတော့ကွာရန်တင်းစင်တာ၊ Lockdown လုပ်ထားတဲ့နေရာတွေကနေ စွန့်ပစ်ပစ္စည်းသိမ်းဆည်းခြင်းကိုစည်ပင်ဝန်ထမ်း ၉၀နဲဆောင်ရွက်နေတယ်လို့ သိရပါတယ်။ စွန့်ပစ်ပစ္စည်း တွေထဲမှာ အိပ်ယာခင်း၊ ခေါင်းအုံး၊ စတဲ့ အသုံးအဆောင်ပစ္စည်းတွေပါဝင်ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်သည်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က