Account နဲ့ Page (၄၉)ခုကိုလည်း ဖော်ထုတ်ကြေညာခဲ့တာပါ။

Facebook လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သတင်းအမှားတွေနဲ့ ဝေဖန်တိုက်ခိုက်ခဲ့သူများကို Facebook Account များနှင့်တကွ နိုင်ငံတော်သမ္မတရုံးကနေ ဖော်ထုတ်ခဲ့ပါတယ်။ 

အများပြည်သူတွေ သိရှိစေနိုင်ဖို့အတွက်သာ အခုလိုဖော်ပြခဲ့တာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံက အရေးမယူဖို့ ပြောကြားထားတာကြောင့် အရေးယူဆောင်ရွက်သွားဖို့တော့ မရှိဘူးလို့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။



“အခုလို နိုင်ငံတော်အကြီးအကဲတွေကို ပုတ်ခတ်ပြောဆိုတာတွေက ဥပဒေအရဆို ငြိစွန်းတယ်။ အရေးယူလို့ရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံက လမ်းညွှန်မှုပြုထားတာက အရေးမယူဖို့ပြောထားတယ်။အခုလိုရေးသားတဲ့လူနာမည်တွေနဲ့ အဖွဲ့အစည်းနာမည်တွေကို အများသိအောင်ဆောင်ရွက်ပေးဖို့၊ ဒီလုပ်ဆောင်ချက်နှစ်ခုဆိုရင် လုံလောက်ပါတယ်လို့ ကျွန်တော်တို့ကို လမ်းညွှန်ချက်ပေးထားတယ်။ အဲဒါကြောင့် အခုလိုဖော်ပြတာပဲရှိတယ်”လို့ ဦးဇော်ဌေးကပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို တိုက်ခိုက်တဲ့သူတွေကို အရေးမယူပေမယ့် ကိုဗစ်နဲ့ ပတ်သက်ပြီး သတင်းမှားဖြန့်တဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေကိုတော့ အရေးယူလို့ရတယ်ဆိုပြီး ဦးဇော်ဌေးက သတိပေးပြောကြားခဲ့ပါတယ်။ အတိုင်ပင်ခံကို တိုက်ခိုက်တဲ့သူတွေကိုကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အရေးမယူဖို့ပြောခဲ့တာကြောင့် အရေးမယူပေမယ့် တခြားပုတ်ခတ်ပြောဆိုမှုတွေကတော့ အရေးယူလို့ရတယ်လို့ဆိုပါတယ်။

ကိုဗစ်-၁၉ရောဂါကူးစက်မှု အခြေအနေနဲ့ ပတ်သက်ပြီး သတင်းအတု၊ သတင်းအမှားတွေကို လူမှုကွန်ရက်စာမျက်နှာတွေကနေ တင်နေသူတွေကိုလည်း စုံစမ်းလျှက်ရှိပြီး တချို့ကအကောင့်ဖျက်ပြေးတာတွေလည်းရှိတယ်လို့ ဦးဇော်ဌေးကပြောပါတယ်။ ဒီကနေ့ အွန်လိုင်းက ပြုလုပ်ခဲ့တဲ့ သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာဆိုရင် အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေကို သတင်းအတု၊သတင်း အမှားတွေနဲ့ တိုက်ခိုက်နေတဲ့ Account နဲ့ Page (၄၉)ခုကိုလည်း ဖော်ထုတ်ကြေညာခဲ့ပါတယ်။

Share

Loading Next Article...
က္က