Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေအသက် (၆၀)ကျော်တွေလည်း ကြိုတင်မဲပေးနိုင်မှာပါ။

ရွေးကောက်ပွဲနေ့မှာ မဲရုံကို ကိုယ်တိုင်လာရောက်မဲမပေးနိုင်တဲ့ အသပ် (၆၀)ကျော်ာ သက်ကြီးရွယ်အိုတွေအတွက် ကြိုတင်မဲပေးနိုင်ရန် သက်ဆိုင်ရာ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့က စီစဉ်ပေးမယ်လို့ UEC က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကိုဗစ်ကာလ ဖြစ်ပွါးနေတဲ့ ကာလအတွင်း Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေမှာနေထိုင်တဲ့ အသက် (၆၀) ကျော်သူတွေ ကြိုတင်မဲပေးနိုင်မယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောကြားခဲ့ပြီး ဒီကနေ့ မှာတော့ ရွေးကောက်ပွဲကော်မရှင်က အသိပေး ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။



အသက် (၆၀)ကျော်အရွယ်သက်ကြီးရွယ်အိုတွေ ကြိုတင်မဲပေးနိုင်ဖို့အတွက် စီစဉ်ပေးဖြစ်သလို နာမကျန်းဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့လည်း အိမ်ကနေ ကြိုတင်မဲပေးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ရွေးကောက်ပွဲနေ့မှာ သက်ကြီးရွယ်အိုတွေအနေနဲ့ ကျန်းမာရေးအရ ပိုပြီးစိတ်ချရအောင် အခုလို ကြိုတင်မဲပေးနိုင်ခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့တာပါ။

ဒီလိုကြိုတင်မဲကြောင့် ရွေးကောက်ပွဲနေ့မှာ မဲပေးမယ့်သူ အရေအတွက်လည်း ကျဆင်းသွားမှာဖြစ်သလို ၆ ပေအကွာဖြစ်အောင်၊ တစ်ယောက်နဲ့ တစ်ယောက်ထိတွေ့မှုနည်းအောင် ပိုပြီးလုပ်နိုင်တော့မှာဖြစ်တဲ့အတွက် အားလုံးလုံခြုံမှာဖြစ်တယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကပြောထားပါတယ်။

၂၀၂၀) ရွေးကောက်ပွဲအတွက် မဲလာပေးရာမှာ ပြည်သူများစိတ်လုံလုံခြုံခြုံနဲ့ မဲပေးနိုင်ဖို့ အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားပြီး မဲပေးမယ့်နေ့အတွက် သရုပ်ပြ ကြိုတင်လေ့ကျင့်မှုတွေကိုလည်း ပြုလုပ်နေပါတယ်။ ပထမဆုံးအကြိမ်အဖြစ် မဲပေးသရုပ်ပြလေ့ကျင့်မှုတွေကိုတော့ အောက်တိုဘာလ (၆) ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တာပါ။

ရွေးကောက်ပွဲနေ့မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မဲရုံပေါင်း (၄)သောင်းကျော်ထားရှိသွားမှာဖြစ်ပြီး လက်ရှိမှာ (၂)သောင်းကျော်အတွက် နေရာတွေလိုအပ်နေသေးတယ်လို့သိရပါတယ်။ မဲရုံအားလုံးကိုလည်း ကိုဗစ်စည်းကမ်းချက်တွေနဲ့ အညီ အထူးဂရုတစိုက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က