နောက်ထပ်လှိုင်းငယ်တွေဖြစ်ပေါ်လာနိုင်သေးတဲ့အတွက် ဆက်လက်ပြင်ဆင်ထားရန်လည်း ဝန်ကြီးကသတိပေးခဲ့ပါတယ်။

အောက်တိုဘာ(၁၀)ရက်နေ့မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (၁၈) ကြိမ်မြောက်နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးမှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက လာမယ့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ဆေးနှင့်ဆေးပစ္စည်းဝယ်ယူရန်အတွက် ဘတ်ဂျတ် ၃၀၀ဘီလီယံကျပ်အထိ တိုးမြှင့်သုံးစွဲမယ်လို့ပြောခဲ့ပါတယ်။ 


ကိုဗစ်-၁၉ကာလအတွင်း ကမ္ဘာ့နိုင်ငံအသီးသီးက ဆေးနဲ့ဆေးဝါးပစ္စည်းဝယ်လိုမှုမြင့်မားခဲ့တဲ့အပြင် ကိုဗစ်နဲ့ပတ်သက်တဲ့ဆေးဝါးတွေကိုလည်း အပြိုင်အဆိုင်ဝယ်ယူမှုတွေရှိခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မှာ ဆေးနှင့်ဆေးဝါးပစ္စည်းဝယ်ယူမှုအတွက် ဘတ်ဂျတ် ၁၄၇ဘီလီယံကျပ်အသုံးပြုခဲ့တယ်လို့ ဝန်ကြီးကဆိုပါတယ်။ မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ဒုတိယလှိုင်းရဲ့နောက်မှာလည်း ထိရောက်တဲ့ကာကွယ်ဆေးမပေါ်သေးမီကာလအတွင်း နောက်ထပ်လှိုင်းငယ်တွေဖြစ်ပေါ်လာနိုင်သေးတဲ့အတွက် ဆက်လက်ပြင်ဆင်ထားရန်လည်း ဝန်ကြီးကသတိပေးခဲ့ပါတယ်။ 




ဒါ့အပြင် နိုင်ငံတကာက ကိုဗစ်-၁၉နဲ့သက်ဆိုင်တဲ့ဆေးဝါးတွေ တင်သွင်းရာမှာ လုပ်ငန်းစဉ် မြန်ဆန်စေဖို့အတွက် ညှိနှိုင်းပေါင်းစပ်ပြီးဖြေလျှော့မှုတွေလုပ်နေတယ်လို့လည်း သိရပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ဒုတိယလှိုင်းအတွင်းမှာ ရောဂါပြင်းထန်တဲ့လူနာတွေအတွက် အိန္ဒိယနိုင်ငံကနေ Remdesivir ဆေးကို မှာယူသုံးစွဲနေပြီး ဘတ်ဂျတ်အကန့်အသတ်မရှိဝယ်ယူမယ်လို့ အစိုးရကထုတ်ပြန်ထားပြီး ဆေးတစ်လုံးရဲ့တန်ကြေးက ကန်ဒေါ်လာ ၅၀ဝန်းကျင်ရှိတယ်လို့လည်းသိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က