ဒီနေ့ကစပြီး ကန့်သတ်လိုက်တာပါ။

ဒီနေ့ အောက်တိုဘာ (၁၁) ရက်ကစပြီး မြဝတီ-မဲဆောက်ကို ကုန်တင်ယာဉ်များ ဝင်ထွက်ခွင့်မရတော့ဘဲ နှစ်နိုင်ငံ နယ်စပ် BCF ဇုန်တွင်သာ ကုန်ပစ္စည်း အလွှဲအပြောင်းလုပ်ရတော့မယ်လို့ သိရပါတယ်။

ရန်ကုန်ကနေ ထိုင်းနိုင်ငံကို ပြန်သွားတဲ့ ထိုင်းနိုင်ငံသား (၃) ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိထားရသလို မဲဆောက်ကိုဝင်မယ့် ကုန်တင်ယာဉ်မောင်းတွေ ဖြစ်ကြတဲ့ မြန်မာနိုင်ငံသား (၃) ဦးကိုလည်း ကိုဗစ်သံသယနဲ့ ဓာတ်ခွဲနမူနာရယူစစ်ဆေးမှုတွေလုပ်ထားပြီးတဲ့နောက် အခုလို ကန့်သတ်လိုက်တာဖြစ်တယ်လို့ မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။



ဓာတ်ပုံ- ဦးသန့်ဇင်အောင် (မြဝတီမြို့နယ်လွှတ်တော်ကိုယ်စားလှယ်)

“ မြန်မာဘက်က လာတဲ့ကားဆို ထိုင်း BCF ဇုန်အထိ လာလို့ရမယ်။ ထိုင်းဘက်က ကားဆိုရင်လည်း မြန်မာ BCF ဇုန်အထိလာလို့ရမှာပေါ့။ ဂိုက်လိုင်းတွေအရ ကားတစ်စီးနဲ့တစ်စီး ထိတွေ့မှုမရှိအောင်လုပ်ရမယ်။ ကရိန်းနဲ့ တင်ချလို့ရမယ့် ကုန်ဆိုရင်တော့ အခက်အခဲမရှိဘူး။ ဒါပေမယ့် လူအင်အားအများကြီးသုံးတဲ့နေရာမှာ အခက်အခဲရှိနိုင်တယ်။ လူအင်အားသုံးတဲ့နေရာမှာ မလုပ်တတ်ရင် ထိတွေ့မှုတွေရှိနိုင်တယ်။ “ လို့ အုပ်ချုပ်ရေးမှူးဦးတေဇာအောင်က Duwun ကို ပြောပါတယ်။

မြန်မာနိုင်ငံက ထိုင်းနိုင်ငံကို ပြန်ဝင်လာတဲ့သူတွေထဲမှာ ကိုဗစ်ပိုးတွေ့ရှိမှုတွေ ရှိလာတာကြောင့် ထိန်းချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ထိုင်းနိုင်ငံဘက်ကနေ အခုလို အဝင်၊အထွက် အကန့်အသတ်လိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံကနေ မြန်မာကိုလာတဲ့ ကုန်တင်ယာဉ်တွေက မြဝတီ BCF အထိသာလာရောက်ရမှာဖြစ်သလို မြန်မာနိုင်ငံဘက်ကနေ ထိုင်းဘက်ကို သွားတဲ့ယာဉ်တွေက မဲဆောက် TAK-BCF ဇုန်အထိသာလာရောက်ရမှာဖြစ်ပြီး အဲဒီနှစ်နေရာမှာသာ ကုန်ပစ္စည်းအလွှဲအပြောင်းပြုလုပ်ရမယ်လို့ မြဝတီမြို့နယ် လွှတ်တာ်ကိုယ်စားလှယ်ဦးသန့်ဇင်အောင်ကလည်း ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က