တိုင်းရင်းသားအဖွဲ့အစည်း (၁၀၀)ကျော်က တောင်းဆိုခဲ့ကြတာပါ။

စည်းကမ်းသတ်မှတ်ချက်တွေနဲ့ အမိန့်ညွှန်ကြားချက်များကို လစ်လျူရှုပြီး စည်းကမ်းမဲ့ပြုမူနေကြတဲ့ ပါတီအင်အားပြလှည့်လည်နေမှုများကို ထိရောက်တဲ့အရေးယူမှုတွေ ဆောင်ရွက်ပေးဖို့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများကတောင်းဆိုလိုက်ပါတယ်။ 

အခုလို ကိုဗစ်ကာလမှာ လူစုလူဝေးနဲ့ အင်အားပြသမှုတွေမလုပ်ကြဖို့ ထုတ်ပြန်ကြေညာထားပေမယ့်လည်း လုပ်ဆောင်မှုတွေရှိနေတဲ့အပေါ် အရေးယူမှုတွေမရှိတာက တရားစီရင်ရေးညီမျှမရှိဘူးလို့ သုံးသပ်ပြောဆိုထားပါတယ်။



“ လူ (၃) (၄)ယောက်လောက် ဆန္ဒပြရင်တောင်ဖမ်းနေတာ။ အခုလိုမလုပ်နဲ့လို့ ထုတ်ပြန်ထားတာတောင် လုပ်နေကြတာကိုတော့ ဘာမှအရေးယူမှာမရှိဘူးဆို တရားစီရင်ရေးမညီမမျှမှုလို့ တွေ့ရတယ်။ ဒါကိုမလုပ်နဲ့လို့ ထုတ်ပြန်ထားတဲ့အစိုးက ကိုင်တွယ်ဖို့ လိုအပ်ပါတယ်။ လုပ်ရင် ဘယ်လိုအရေးယူမယ်ဆိုတာကို ပြောရမှာက အစိုးရရဲ့တာဝန်ပဲ”လို့ (UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများတာဝန်ရှိသူ ဦးစိုင်းကျော်ညွန့်က Duwun ကိုပြောပါတယ်။

အခုရက်ပိုင်း ကိုဗစ်ပိုးတွေ့လူနာတွေ့ရှိမှုနှုန်းက တစ်ရက်ကို (၂)ထောင်ဝန်းကျင်ရှိနေတာကြောင့် အခုလို ပါတီအင်အားပြ လှည့်လှည်နေမှုတွေကနေ ကူးစက်မှုများလာမှာကို စိုးရိမ်သလို မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်ပေါ်နေတာကိုလည်း တွေ့ရှိရတယ်လို့ ဦးစိုင်းကျော်ညွန့်ကပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေမဲပေးနိုင်ဖို့အတွက်ကိုလည်း နိုင်ငံတော်အနေနဲ့ စီစဉ်ဆောင်ရွက်ပေးဖို့ ကိုလည်း တောင်းဆိုထားပြီး လုပ်ဆောင်ပေးမှုမရှိရင်တော့ တိုင်းရင်းသားတွေအနေနဲ့ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးဆုံးရှုံးတယ်လို့လည်း သုံးသပ်ပြောဆိုခဲ့ပါတယ်။

တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများရဲ့ ထုတ်ပြန်ချက်မှာတော့ ပါတီအင်အားပြလှည့်လည်မှုတွေကို အရေးယူပေးဖို့၊ ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ပြည်သူတွေ ရဲ့ အခွင့်အရေးမဆုံးရှုံးစေဖို့ကိစ္စတွေအပါအဝင် ကိုဗစ်ရောဂါကူးစက်မှုကြောင့် စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ ပြည်သူများမှာ အကြောင်းအမျိုးမျိုးကြောင့် လူထုအုံကြွမှုမဖြစ်စေရန် အစိုးရက ကိုင်တွယ်ဖြေရှင်းပေးဖို့ တောင်းဆိုမှုတွေပြုလုပ်ထားတာလည်းပါရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က