ဆောင်းရာသီမှာစိုက်တဲ့ သီးနှံပင်တွေလည်းထိခိုက်ပျက်စီးနိုင်တယ်လို့လည်းသိရပါတယ်။

လာမယ့် ဆောင်းရာသီမှာ လာနီညာ ဖြစ်ပေါ်နိုင်တဲ့အတွက် အအေးဒဏ်ကို ပိုမိုခံစားရမှာဖြစ်ပြီး ကျန်းမာရေးဂရုပြုကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

လက်ရှိမှာ လာနီညာဖြစ်ဖို့ အစပျိုးနေပြီး ဆောင်းရာသီ အစဖြစ်တဲ့ နိုဝင်ဘာလလောက်မှာ လာနီညိုအားကောင်းလာရင်တော့ ခြောက်သွေ့ပြီး အအေးပိုတာ၊ မိုးရွာပြီးမုန်တိုင်းဖြစ်နိုင်တာ စတဲ့ ရာသီဥတု အစွန်းရောက်ဖြစ်စဉ်တွေ ဖြစ်နိုင်တယ်လို့လည်း မိုးဇလဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ချိုချိုရှိန်က Duwun ကိုပြောပါတယ်။


ကိုဗစ်ဖြစ်ပွားနေတဲ့ကာလမှာ ရာသီဥတုကလည်း အအေးပိုလာနိုင်တဲ့ ဖြစ်စဉ်တွေကြောင့် ကျန်းမာရေးထိခိုက်မှုတွေ ရှိနိုင်တဲ့အတွက် ပိုပြီးတော့ ဂရုစိုက်ဖို့လိုအပ်တယ်လို့လည်း မိုးဇလဒုညွန်ချုပ် ဒေါက်တာခင်ချိုချိုရှိန်က သတိပေးပါတယ်။ ဒါ့အပြင် မိုးများပြီး မုန်တိုင်းဖြစ်ပေါ်နိုင်ကာ လေပြင်းတိုက်ခတ်တာ၊ လှိုင်းကြီးတာနဲ့ ရေကြီးမြေပြိုမှု အန္တရာယ်တွေဖြစ်ပေါ်နိုင်သလို ဆောင်းရာသီမှာ စိုက်တဲ့ သီးနှံပင်တွေ လည်းထိခိုက်ပျက်စီးနိုင်တယ်လို့လည်းသိရပါတယ်။

“ အခုက ရာသီဥတုက ဖောက်ပြန်လာတာပေါ့။ ပူတဲ့ရာသီမှာဆိုရင်လည်း အပူချိန်စံချိန်သစ်တွေ ကျိုးလာတယ်။ ဆောင်းရာသီမှာဆိုရင်လည်း အေးတဲ့ စံချိန်သစ်တွေ ဖြစ်လာနိုင်တယ်။ အခုဖြစ်မယ့် လာနီညာကြောင့် သဘာဝဘေးရော၊ ကျန်းမာရေးကဏ္ဍအတွက်ရော သတိပြုရမှာပေါ့။ ကျန်းမာရေးကဏ္ဍမှာဆိုရင် ရာသီအလိုက်ဖြစ်နိုင်တဲ့ Air-bone Diseases တွေကို သတိပြုရမယ်။ မိုးဇလကထုတ်တဲ့ ထုတ်ပြန်ချက်တွေကို သေချာနားထောင်ပြီး ဆင်ခြင်စေချင်ပါတယ်” လို့ ဒေါက်တာခင်ချိုချိုရှိန်က ဆိုပါတယ်။

နိုဝင်ဘာလဆန်းပိုင်းကနေ ဖေဖော်ဝါရီလကုန်အထိ ဖြစ်လာမယ့် ဆောင်းရာသီကာလအတွင်းမှာ အားကောင်းတဲ့ လာနီညိုကို နိုဝင်ဘာလနဲ့ ဒီဇင်ဘာလမှာ ခံစားရနိုင်ဖွယ်ရှိတယ်လို့လည်း ခန့်မှန်းချက်တွေအရသိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဆောင်းရာသီကာလမှာ လာနီညာဒဏ်ကို ငါးနှစ်နီးပါး တစ်ကြိမ်ဖြစ်ပေါ်လေ့ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတော့ မြန်မာနိုင်ငံမှာ အားပျော့တဲ့လာနီညာဒဏ်ကို ခံစားခဲ့ရတယ်လို့လည်း မိုးဇလက ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က