ထောက်ပံ့ကြေးကိုလည်း အောက်တိုဘာ (၁၆)ရက်မှာ နောက်ဆုံးထားရရှိနိုင်ရန်ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုမှုလုပ်ခဲ့ပါတယ်။

အစိုးရအနေနဲ့ စက်ရုံ၊အလုပ်ရုံတွေကို အခုလို ရုတ်တရက် ပြန်လည်ဖွင့်လှစ်ပေးခဲ့တာက လွန်စွာလွဲမှားတဲ့ စီမံခန့်ခွဲမှု ဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က သဘောထားထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကိုဗစ်ပိုးကူးစက်ပျံ့နှံ့မှုကြောင့် ယာယီပိတ်ထားတဲ့ စက်ရုံ ၊အလုပ်ရုံတွေထဲက A အဆင့်ရှိတဲ့ စက်ရုံ၊ အလုပ်တွေကိုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ တိုင်းအစိုးရက ဒီကနေ့ အောက်တိုဘာလ (၁၂)ရက်နေ့ကစပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့တာကို ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့တာပါ။



ကိုဗစ် -၁၉ရောဂါပျံ့နှံ့မှုနဲ့ သေဆုံးမှု မြင့်မားနေတဲ့ အခုလိုအချိန်ကာလမှာ အလုပ်သမား ရာနဲ့ချီအလုပ်လုပ်နေတဲ့ စက်ရုံ၊အလုပ်ရုံများကို ဖွင့်ခွင့်ပေးတာက စက်ရုံအလုပ်ရုံတွေကို ရောဂါဖြန့်ဖြူးရေးဌာနအဖြစ်ပြောင်းလဲလိုက်ခြင်းဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ကိုဗစ်ကာလမှာ စက်ရုံ၊အလုပ်ရုံတွေကို ပိတ်ဖို့၊ ဖွင့်ဖို့ အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ပြီး အလုပ်သမားတွေရဲ့ စားဝတ်နေရေးအတွက် အဆင်ပြေအောင် လူမှုဖူလုံရေးကြေး (၄၀)%ပေးမယ်ဆိုတဲ့ ထောက်ပံ့ငွေတွေလည်း ယနေ့ထိ မရရှိသေးဘူးလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ 

ဓာတ်ပုံ- အောက်တိုဘာ (၁၂) ရက်မှာ တောင်ဒဂုံမြို့နယ်အတွင်းက စက်ရုံအချို့ ပိတ်ထားသည်ကို မြင်ရစဉ်။

ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂအနေနဲ့ အခုလိုအချိန်မှာ စက်ရုံအလုပ်ရုံတွေပြန်ဖွင့်လို့ အလုပ်သမားတွေကြား ရောဂါပိုး ကူးစက်မှုရှိလာပါက အစိုးရမှာသာ တာဝန်ရှိတယ်လို့ ပြောဆိုထားပြီး ထောက်ပံ့ကြေးကိုလည်း အောက်တိုဘာလ ၁၆ရက်နေ့မှာ နောက်ဆုံးထားရရှိနိုင်ရန်ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုမှုလုပ်ခဲ့ပါတယ်။

ကိုဗစ်ကာကွယ်ရေး (A) အဆင့်ရတဲ့ စက်ရုံ၊အလုပ်ရုံတွေကို ပြန်ဖွင့်ခွင့်ပြုဖို့ ကျန်းမာရေးနဲ့ အားစားဝန်ကြီးဌာနက မနေ့က အောက်တိုဘာ (၁၁) ရက်ကမှ ရုတ်တရက်ထုတ်ပြန်ကြေညာခဲ့တာကြောင့် စက်ရုံအလုပ်ရုံတွေမှာ ချက်ချင်းပြန်ဖွင့်ဖို့ အခက်ကြုံတွေ့ခဲ့ရပြီး စက်ရုံအများစုကတော့ ဒီနေ့မှာ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က