ညွှန်ကြားချက်မရှိဘဲ စက်ရုံဘက်မှ test kitတွေနဲ့ စစ်ဆေးပေးခဲ့တာပါ။

လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတစ်ခုမှာ စက်ရုံအလုပ်သမားတွေကို ဒီကနေ့မနက်ပိုင်းက သွေးဖောက်ပြီး test kitတွေနဲ့ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ပေးခဲ့တဲ့အတွက် မလိုလားအပ်ဘဲ လူစုလူဝေးဖြစ်ပေါ်ခဲ့ပါတယ်။

photo-စက်ရုံအလုပ်သမားများအဖွဲ့ 



အဆိုပါ စက်ရုံမှာက အလုပ်သမား (၁၀၀၀)ကျော်ရှိပြီး အခုလို ကျန်းမာရေးစစ်ဆေးမှုလုပ်ဆောင်တဲ့အခါမှာ ကျန်းမာရေးတာဝန်ရှိသူတွေမပါဘဲ စက်ရုံဝန်ထမ်းစာရေးတွေက ဦးဆောင်ပြီး လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အခုလိုလုပ်ဆောင်တာနဲ့ပတ်သက်လို့ စက်ရုံအတွင်းမှာ လူစုလူဝေးဖြစ်ပွါးခဲ့ပြီး အလုပ်သမားတွေကိုယ်တိုင်က စိုးရိမ်မှု ရှိတာကြောင့် လူစုလူဝေးဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ဓာတ်ပုံတွေရိုက်ကာမြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ကို တိုင်ကြားခဲ့တယ်လို့သိရပါတယ်။

“မနက်ကပဲ အလုပ်သမားတွေကိုယ်တိုင်ဖုန်းဆက်ပြီး လှမ်းပြောတာ။ အလုပ်သမားတွေပို့လာတဲ့ ပုံတွေဆို တော်တော်ဆိုးတယ်ပုံတွေက မြင်လို့တောင်မကောင်းဘူး။စစ်နေတဲ့ အနေအထားတွေက လူစုလူဝေးတွေနဲ့။ အလုပ်သမားတွေအတွက်အများကြီးစိုးရိမ်ရတယ်။ အရမ်းကိုဆိုးရွားတဲ့လုပ်ရပ်ပါ။ တာဝန်ရှိသူတွေကိုလည်းတိုင်ကြားထားပါတယ်”လို့ CTUMလူမှုဖူလုံရေးအဖွဲ့ အမျိုးသားအဆင့် အလုပ်သမားကိုယ်စားလှယ်ဒေါ်သင်ဉ္ဇာထက်က Duwun ကိုပြောပါတယ်။

photo-စက်ရုံအလုပ်သမားများအဖွဲ့ 

ညနေပိုင်းကမှာတော့ ကျန်းမာရေးတာဝန်ရှိသူတွေအနေနဲ့ စက်ရုံကို သွားရောက်စစ်ဆေးခဲ့ကာ အခုလို လုပ်ဆောင်ခဲ့တာနဲ့ပတ်သက်လို့ ခံဝန်ကတိထိုးခိုင်းကာ အရေးယူဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။

“ ဒါဟာ မလုပ်သင့်ပါဘူး။ ရပ်ခိုင်းထားပြီးတော့ သူတို့လည်း နောက်ကို ဒါမလုပ်ဖို့ ဆိုပြီး ကနဦးအနေနဲ့ ခံဝန်ရေးထိုးခိုင်းထားပါတယ်။ ကျွန်တော်တို့သိသလောက်တော့ အလုပ်သမားတွေကို သွေးဖောက်ပြီး စစ်တယ်လို့သိရပါတယ်။ သူတို့ သုံးတဲ့ Test Kit  အမျိုးအစားက ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားလည်းမဟုတ်ဘူး။ ဒီလို စစ်ဆေးဆောင်ရွက်တဲ့လုပ်ငန်းကိုလည်း အသိအမှတ်ပြုထားတာမျိုး မဟုတ်ဘဲ ဆောင်ရွက်တာပါ။ “ လို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က Duwun ကိုပြောပါတယ်။

စက်ရုံအလုပ်သမားတွေရဲ့ တိုင်ကြားချက်အရ မနက်က ကျန်းမာရေးစစ်ဆေးပေးတဲ့အခါမှာ စက်ရုံရှိစာရေးမများမှ အလုပ်သမားများသွေးဖောက်ကာ test kitတွေနဲ့စစ်ဆေးပေးပြီး မျဉ်းကြောင်းနှစ်ကြောင်းထွက်ပါက ကိုဗစ်ရှိတယ်ဆိုပြီးစက်ရုံထဲအဝင်မခံတာတွေရှိခဲ့တယ်လို့ သိရပါတယ်။ အခုလို စစ်ဆေးမှုလုပ်ဆောင်ခဲ့ရာမှာ မျဉ်းကြောင်း နှစ်ကြောင်းပေါ်လို့ ကိုဗစ်ပိုးတွေ့ရှိတယ်လို့ သတ်မှတ်ခံခဲ့ရတဲ့ အလုပ်သမား (၁၀)ဦးကျော်ထိရှိခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က