သတ်မှတ်ရမယ့်ကာလထပ် (၅) လကျော်ကြာမြင့်ခဲ့ပြီလို့ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတာကြောင့် အနည်းဆုံးလုပ်ခလစာ နူန်းထားသစ်ကို သတ်မှတ်ရမယ့်ကာ လထက်နောက်ကျနေပြီး နောက်နှစ် ၂၀၂၁ ခုနှစ်ရောက်မှသာ သတ်မှတ်နိုင်လိမ့်မယ်လို့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီကနေ သိရပါတယ်။

အနည်းဆုံး လုပ်ခလစာနူန်းထားသစ်ကို ဥပဒေအရ နှစ်နှစ်လျှင် တကြိမ် ပြန်လည်ပြင်ဆင်သတ်မှတ်ရမှာဖြစ်ပေမယ့် သတ်မှတ်ရမယ့်ကာလဖြစ်တဲ့  ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့မှာ သတ်မှတ်နိုင်ခဲ့ခြင်းမရှိသလို အခုထိလည်း သတ်မှတ်နိုင်ခြင်းမရှိသေးတာကြောင့် သတ်မှတ်ရမယ့်ကာလထပ် (၅) လကျော်ကြာမြင့်ခဲ့ပြီလို့ သိရပါတယ်။



"ကိုဗစ်-၁၉ ကြောင့် စီးပွားရေးတွေလည်း အတော်လေးလှုပ်ခတ်သွားတယ်။ အဲ့တော့အနည်းဆုံးလုပ်လစာ သတ်မှတ်မယ့်ကာလာလည်း နောက်ကျမယ့်ရာခိုင်နူန်းကများနေပြီ။ ဘာကြောင့်လဲဆိုရင် အခုဆို သတ်မှတ်ရမယ့်ကာလကို အခုဆိုရင် ကျော်လာခဲ့ပြီ။ အစိုးရဘက်ကလည်းဘာမှမပြောဘူး၊ သေချာပါတယ်ဒီထက်ပိုပြီးနောက်ကျဖို့ပဲရှိတယ်။"လို့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီဝင်ကို သက်နှင်းအောင်ကပြောပါတယ်။

အခုလို လုပ်ခလစာနူန်းထားသစ်မသတ်မှတ်နိုင်ခြင်းက အလုပ်သမားတွေအတွက် နစ်နာမှုရှိတာကြောင့်  အစိုးရအနေနဲ့ ပွင့်လင်းမြင်သာစွာ အသိပေးထုတ်ပြန်ပေးဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ် ။

" အရင်က တစ်ကြိမ်ချိုးဖောက်ပြီးပြီ။ ၂၀၁၇ မှာ နှစ်နှစ်ပြည့်တာ။ ဒါပေမယ့် ၂၀၁၈ ကျမှ ထုတ်ပြန်နိုင်တယ်။ နှစ်နှစ်တစ်ကြိမ်ဆောင်ရွက်ရမယ့်ကိစ္စက ရက်ကျော်သွားတဲ့အခါကျ အလုပ်သမားတိုင်း တစ်နေ့ကို ၁၂၀၀ နစ်နာခဲ့တယ်။ တစ်နှစ်ကို သုံးသိန်းကျော်နစ်နာတယ်။လူမှုဖူလုံရေးမှာ တရားဝင်စာရင်းဝင်တာ တစ်သန်းလေးသိန်းရှိတာ။ ဒီအလုပ်သမားတွေပေါ်မူတည်ပြီးမြှောက်လိုက်မယ်ဆိုရင် သန်းပေါင်းမြောက်များစွာ မရလိုက်တာ နစ်နာတယ်။"လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ယက်မှ အကြံပေးတရားလွှတ်တော်ရှေ့နေ ဦးဌေးက ပြောပါတယ်။ 

ယခုတကြိမ် သတ်မှတ်မယ့် လုပ်ခလစာနူန်းထားသစ်ကို တစ်ရက် ၉၈၀၀ ရရှိဖို့ အလုပ်သမားတွေက တောင်းဆိုထားကြပါတယ်။

"အခုရနေတဲ့ တနေ့ ၄၈၀၀ က ကျမတို့အတွက်အဆင်မပြေပါဘူး။ ဒါကြောင့်ခုတခါသတ်မှတ်မယ့် လုပ်ခလစာကို ၉၈၀၀ သတ်မှတ်ပေးဖို့တောင်းဆိုထားကြတာဖြစ်တယ်။ ရင်လောက်တောင်းမှ ခါးလောက်ရတာပါ။ "လို့ လိူင်သာယာမြို့နယ်မှ စက်ရုံအလုပ်သမား တစ်ဦးကလည်း ပြောပါတယ်။

လက်ရှိမှာ အလုပ်သမားတစ်ဦးကို တစ်နာရီ (၆၀၀) နှုန်းနဲ့ (၈) နာရီအလုပ်ချိန်အတွက် (၄၈၀၀) ကျပ် သတ်မှတ်ပေးဆောင်နေတာကြောင့် ပျက်ရက်မရှိတဲ့အလုပ်သမားတစ်ဦးဟာ တစ်လကိုအနည်းဆုံး ၁၄,၄၀၀၀ ကျပ်ရရှိပြိး ၊ အချိန်ပိုလုပ်ကိုင်ရသူ ၊ လုပ်ငန်းကျွမ်းကျင်သည့်အလုပ်သမားတွေကတော့ တစ်လလုပ်ခလစာ (၂) သိန်းအထက်ရရှိတယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က