ကျေးရွာတစ်ရွာကိုမဲဆွယ်စည်းရုံးရေးသွားရောက်စဉ် ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့က NLD ပါတီလွှတ်တော်ကိုယ်စားလှယ် သုံးဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဒီကနေ့ အောက်တိုဘာလ ၁၄ ရက်နေ့မနက်ပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံလိုက်ရသူတွေက တောင်ကုတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မနီနီမေမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်အပါအဝင် ရခိုင်ပြည်နယ် NLD ပါတီအလုပ်မှုဆောင်နှင့် ပြည်နယ်လူငယ်အဖွဲ့ဝင် မချစ်ချစ်ချောတို့ သုံးဦးဖြစ်ပြီး ကျေးရွာတစ်ရွာကို မဲဆွယ်စည်းရုံးရေးသွားရောက်စဉ် ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။



ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်က " ပြည့်သူလွတ်တော်အမတ်အပါအဝင် သုံးဦးအဖမ်းခံရတယ်လို့ သိရတယ်။ နေ့လည် ၁၁ နာရီလောက်ကကြားရတယ်၊ အဲ့လောက်ပဲသိရသေးတယ်၊ ဆက်ပြီးတော့ မသိရသေးဘူး။ ပါတီကလည်း ဘာဆက်လုပ်မလဲမသိသေးဘူး။ စည်းရုံရေးလုပ်ရင်း ရွာတစ်ရွာမှာ အဖမ်းခံရတယ်လို့ သိရတယ်"လို့ ဆိုပါတယ်။

လက်ရှိမှာတော့ဖမ်းဆီးခံလိုက်ရတဲ့ NLDပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ သတင်းမရရှိသေးကြောင်း၊ အမတ်တွေကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လက်နက်ကိုင်အဖွဲ့ကိုလည်း လက်ရှိအချိန်မှာ အတိအကျမသိရသေးဘူးလို့ သိရပါတယ်။ 

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က