ဆေးကုသမှုခံယူနေတဲ့ သီလရှင် (၄)ပါးသာ ကျန်ရှိတော့တာပါ။

မှော်ဘီမြို့နယ်ရှိ၊ တပ်မတော်ကျန်းမာရေးကုသမှုစင်တာမှာ တက်ရောက်ဆေးကုသမှုခံယူနေတဲ့ အင်းစိန်မြို့နယ် ဓမ္မဝါဒီကျောင်းတိုက်မှ သီလရှင်ဆရာလေး (၃၆)ပါးဟာ ရောဂါပိုးကင်းစင်သွားပြီဖြစ်လို့ ကျောင်းတိုက်ကို ပြန်လည်ရောက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာလ(၁၄)ရက်နေ့က ကျောင်းတိုက်ကိုပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး ကုသရေးစင်တာမှာ နောက်ထပ် ဆရာလေး (၄)ပါးသာကျန်တော့တယ်လို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က Duwun ကိုပြောပါတယ်။



“ မနေ့ကပဲ ပိုးကင်းစင်သွားတဲ့ ဆရာလေး (၃၆)ပါး ကျောင်းတိုက်ကိုပြန်လည်ရောက်ရှိပါတယ်။ ကုသရေးစင်တာမှာက နောက်ထပ်(၄)ပါးပဲ ကျန်တော့တယ်။ အင်းစိန်မြို့နယ်မှာက ကိုဗစ်ပိုးကူးစက်ခံရသူတွေများသလို ပြန်လည်ပျောက်ကင်းလာတဲ့သူတွေလည်းရှိပါတယ်။ သေဆုံးသူကတော့ (၁၉)ဦးရှိပါပြီ”လို့ ဦးဝေဖြိုးဟန်ကပြောပါတယ်။

အင်းစိန်မြို့နယ် ဓမ္မဝါဒီစာသင်တိုက်မှာ ပဓာနနာယကဆရာကြီးနဲ့ ဆရာလေးတွေကို စက်တင်ဘာလ (၂၆)ရက်နေ့ ကိုဗစ်ပိုး ရှိ၊မရှိ စစ်ဆေးခဲ့ရာမှာ ဆရာကြီးမှလွဲပြီး ကျန်တဲ့ အပါး (၄၀)မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ (၃၆)ပါးက ဆေးရုံကဆင်းခွင့်ရပြီဖြစ်လို့ ကုသမှုခံယူနေတဲ့ ဆရာလေး (၄)ပါးသာကျန်ရှိတော့တာပါ။ အင်းစိန်မြို့နယ်မှာ ဒီကနေ့ အောက်တိုဘာလ (၁၅)ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်ကူးစက်ခံရသူ (၁၄၂၄)ဦး ရှိပြီး ရောဂါပိုး ကင်းစင်သူက (၅၅၀)ဦးရှိကာ သေဆုံးသူက (၁၉)ဦးရှိတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က