သင်တန်းပို့ချရင်း လိုအပ်တဲ့ကူညီထောက်ပံ့မှုတွေလည်း ပေးသွားမယ်လို့ သိရပါတယ်။

ဧရာဝတီဖောင်ဒေးရှင်း ကိုဗစ်ကုသရေးစင်တာကို အီတလီနိုင်ငံမှ ဆရာဝန်ကြီးများ လာရောက်အားဖြည့်ကာ ကုသမှုတွေဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



အီတလီက ဆရာဝန်ကြီးတွေအနေနဲ့ အီတလီနိုင်ငံမှာ ရင်ဆိုင်ခဲ့ရတဲ့ ကိုဗစ်-၁၉အခြေအနေနဲ့ ကုသရေး အတွေ့အကြုံတွေကို မျှဝေလိုတဲ့ရည်ရွယ်ချက်နဲ့ လာရောက်သင်တန်းပို့ချကာ ကုသပေးသွားမှာဖြစ်တယ်လို့ ဧရဝတီဖောင်းဒေးရှင်းက တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။



“ဟုတ်ပါတယ်။ ကျွန်တော်တို့ ဥက္ကဌကြီးအပါအဝင် ကျန်းမာရေးဘက်ကတာဝန်ရှိသူတွေနဲ့ အီတလီနိုင်ငံသံအမှတ်ကြီးတို့ online meeting လုပ်တဲ့အခါမှာ ဆွေးနွေးမှုလုပ်ထားတာပါ။ ဆွေးနွေးထားတဲ့အဆင့်ပဲရှိသေးလို့ ဘယ်တော့လောက်ရောက်မယ် အကောင်အထည်ဖော်ဖြစ်မယ်ဆိုတဲ့ ရက်ကိုတော့ပြောဖို့ခက်နေသေးတယ်။ နောက်ထပ်ရက်ပိုင်းအတွင်းတော့ သိရမှာပါ”လို့ အဆိုပါ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အခုလို အီတလီက ဆရာဝန်ကြီးတွေလာရောက်ကုသမှုပေးဖို့ကို အီတလီနိုင်ငံ သံအမတ်ကြီးဘက်က တောင်းဆိုခဲ့တာဖြစ်ပြီး ကုသရေးပိုင်းနဲ့ ပတ်သက်လို့ သင်တန်းပို့ချမှုတွေအပြင် လိုအပ်တဲ့ကူညီပံ့ပိုးမှုတွေပါ ပြုလုပ်ပေးမယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ အီတလီကဆရာဝန်ကြီးတွေ လာရောက်နိုင်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကို ရယူကာ ရရှိပါက လာရောက်ကုသမှုပေးသွားမှာပါ။ ဆရာဝန်ကြီးတွေ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့အခါမှာလည်း နေထိုင်သွားလာ စားသောက်ရေးစရိတ်တွေကို ဧရာဝတီဖောင်းဒေးရှင်းဘက်ကပဲ တာဝန်ယူဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ဧရာဝတီဖောင်ဒေးရှင်းက ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က