တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။

ဒီကနေ့ အောက်တိုဘာလ (၁၅)ရက်နေ့ နေ့လယ်ပိုင်းက မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်က UAB ဘဏ်ကို ဓားပြတိုက်သွားသူဟာ အဲဒီမြို့နယ်ထဲမှာပဲ သူစီးလာတဲ့ကားကို မီးရှို့ပြီးထွက်ပြေး သွားလို့ လက်ရှိအချိန်အထိဖမ်းလို့မမိသေးဘူးလို့ သိရပါတယ်။

photo -ကိုရဲ



ညနေ ၅ နာရီခွဲအချိန်လောက်မှာ ပြည်ကြီးတံခွန်မြို့နယ် သာယာဝတီမင်းကြီးလမ်းနဲ့ ဝေသာလီလမ်းကြား၊ ၆၉ လမ်းအေလမ်းမှာ ဓားပြတိုက်စဉ်က သူစီးလာတဲ့ကားကိုတွေ့ရှိခဲ့ကာ ကားကိုစစ်ဆေးတဲ့အခါမှာတော့ မီးရှို့ထားတာကို တွေ့ရတယ်လို့ အဆိုပါနေရာကို ရောက်ရှိနေတဲ့ ရဲအရာရှိတစ်ဦးကDuwun ကိုပြောပါတယ်။

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက် ၆၂ လမ်းနဲ့ ရတနာလမ်းကြားက UAB မှာ ဒီကနေ့နေ့လယ် ၃နာရီခွဲအချိန်လောက်က ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း(၂၀၀)ပါသွားခဲ့တာဖြစ်ပါတယ်။ CCTVမှတ်တမ်းအရ တရားခံက အသက် (၃၀)ဝန်းကျင်ခန့် အရပ် (၅)ပေ (၆)လက်မဝန်းကျင်ရှိသူဖြစ်ပြီး Mark II 99 အဖြူရောင်ယာဉ်ကို မောင်းကာ ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။ ပတ်ဝန်းကျင်ရဲ့ ပြောပြချက်အရ အဆိုပါ အမျိုးသားက တစ်ယောက်တည်းလာတာဖြစ်တယ်လို့လည်း သိရပါတယ်။

photo- ကိုရဲ

ဖြစ်စဉ်အတွင်းမှာတော့ အဆိုပါအမျိုးသားက နှာခေါင်းစည်းတပ်လျက်နဲ့ ဘဏ်ထဲဝင်ကာ အသင့်ပါလာတဲ့ပစ္စတိုသေနတ်နဲ့ ဘဏ်ကောင်တာတစ်ခုမှာ ရှိတဲ့ဝန်ထမ်းအမျိုးသမီးဆီကနေ ငွေတောင်းခံခဲ့ပြီး ဝန်ထမ်းက တစ်သောင်းတန်တစ်ထုပ် ပေးတာမှာ လက်မခံဘဲ သေနတ်နဲ့ပစ်မယ်လို့ ခြိမ်းခြောက်လို့ နောက်ထပ်တစ်ထုပ်ပေးလိုက်ရကာ စုစုပေါင်းငွေကျပ်သိန်းနှစ်ရာ ယူဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ထွက်ပြေးလွတ်မြောက်နေတဲ့တရားခံကို ကို ရဲတပ်ဖွဲ့ကအမြန်ဆုံးဖမ်းဆီးနိုင်ရေးကြိုးပမ်းနေပြီး ဆက်လက်လုပ်ဆောင်ရမှာတွေရှိနေသေးလို့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ လတ်တလော ဖြေကြားလို့မရသေးဘူးလို့ဆိုပါတယ်။

Share

Loading Next Article...
က္က