(NCA )လက်မှတ်ရေးထိုးခြင်း (၅)နှစ်ပြည့် မိန့်ခွန်းမှာပြောကြားခဲ့တာပါ။

လက်ရှိမှာ နိုင်ငံတော်အနေနဲ့ ကိုဗစ်၁၉ကပ်ရောဂါ စိန်ခေါ်မှုတွေ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေရှိနေပေမယ့်လည်း နိုင်ငံအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုတော့ ယာယီတောင် ရပ်တန့်လို့ရမှာမဟုတ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးခြင်း (၅)နှစ်ပြည့် အထိမ်းအမှတ်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး ဒီလိုအချိန်မှာ ကပ်ရောဂါနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေအပေါ် အခွင့်ကောင်းယူပြီး စစ်ရေးအရ အမြတ်ထုတ်တာတွေနဲ့ ရန်လိုမှု ပြဿနာတွေကို ရပ်တန်းက ရပ်ကြဖို့ကိုလည်းပြောကြားခဲ့တာဖြစ်ပါတယ်။



“ ငြိမ်းချမ်းရေးဆိုတာ ခါးဆက်အပြတ်ခံလို့မရဘဲ တစိုက်မတ်မတ် အချိန်တိုင်း ကြိုးစားနေကြရာမှာပါ။ ငြိမ်းချမ်းရေးမရှိလို့၊ ငြိမ်းချမ်းရေးမရသေးလို့ ဒုက္ခပင်လယ်ဝေနေကြရတဲ့ ကျွန်မတို့ရဲ့ ပြည်သူတွေကို တတ်နိုင်သမျှ သက်သာရာရစေဖို့ အချိန်တိုင်းကြိုးပမ်းနေရမှာပါ။ ကပ်ရောဂါနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေရှိနေလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရပ်ထားလို့မရပါဘူး။ ဒါကြောင့် NCA ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့အဖွဲ့တွေကော၊ လက်မှတ်မထိုးရသေးတဲ့သူတွေကော အားလုံးအနေနဲ့ အပြန်အလှန်ဆက်သွယ်မှု၊ ထိတွေ့ပြောဆိုမှု၊ ညှိနှိုင်းအဖြေရှာမှုတွေကို အလွတ်သဘောဖြစ်ဖြစ်၊ တရားဝင်ဖြစ်ဖြစ် ဆက်တိုက်လုပ်နေကြရမှာ”လို့ အတိုင်ပင်ခံက ပြောကြားခဲ့တာပါ။

လက်ရှိမှာ ကိုဗစ်ကြောင့် နိုင်ငံရဲ့ ကျန်းမာရေး၊ စီးပွါးရေးအခြေအနေတွေက ကျဆင်းနေပေမယ့်လည်း ငြိမ်းချမ်းရေးအတွက်ကိုတော့ တစ်နေ့ပြီးတစ်နေ့ကောင်းအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးခဲ့တာ ဒီကနေ့ကို (၅)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း လက်မှတ်ရေးထိုးတဲ့ အထိမ်းအမှတ်နေ့ကို နေပြည်တော်မှာ ခမ်းခမ်းနားနားကျင်းပဆောင်ရွက်လျှက်ရှိပေမယ့် ဒီနှစ်မှာတော့ ကိုဗစ်ကြောင့်မကျင်းပနိုင်ခဲ့ပါဘူး။

ကိုဗစ်ကြောင့် အခမ်းအနားကို မကျင်းပနိုင်ပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းတွေကိုတော့ ရပ်တန့်ထားလို့မရတာကြောင့် သက်ဆိုင်ရာငြိမ်းချမ်းရေးအဖွဲ့အစည်းတွေအနေနဲ့ကလည်း နိုင်ငံတွင်းငြိမ်းချမ်းရေးအတွက်ကို တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်အောင်ကြိုးစားသွားကြဖို့ အတိုင်ပင်ခံကပြောကြားခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က