ရန်ကုန်မြို့က ရောက်ရှိလာပြီး အသွားအလာကန့်သတ်ထားသူဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်၁၉ ရောဂါပိုးစတင်တွေ့ရှိတဲ့ အချိန်ကနေ အခုချိန်ထိ ပထမဆုံး ကယားပြည်နယ်ရဲ့ ကိုဗစ်ပေါ့စတစ်လူနာကို ဒီနေ့စတင်တွေ့ရှိခဲ့တယ်လို့ ကယားပြည်နယ်ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

အဆိုပါ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိတဲ့ လူနာဟာ လွိုင်ကော်မြို့ ၊ ပညာရေးကောလိပ်ကွာရန်တင်းစင်တာကို အောက်တိုဘာလ (၆)ရက်မှာ ရောက်ရှိလာတဲ့ ရန်ကုန်မြို့က ပြန်လာသူအမျိုးသမီးဖြစ်တယ်လို့ ကယားပြည်နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။



" သူက အသက်၃၅နှစ် အမျိုးသမီး ၊ ၆ရက်နေ့ညက ရန်ကုန်ကရောက်ပါတယ်။ ကွာရန်တင်းထားပါတယ် ။ အဲဒီကနေ မနေ့က swab ယူပြီး တောင်ကြီးမှာ စစ်တော့ ဒီနေ့ ပေါ့စတစ်ထွက်တာ သိရပါတယ်။ဒါ ပထမဆုံးပါ ။ ကင်းလွတ်နယ်မြေလေး အခုတော့ ပေါ့စတစ်လူနာတွေ့သွားတယ်ပေါ့။ ကွာရန်တင်းထားရှိတာဆိုတော့ အပြင်မှာရောဂါပျံ့နှံ့တာတော့ မရှိပါဘူး" လို့ ကယားပြည်နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာဌေးလွင်က Duwun ကို ပြောပါတယ်။

ဓာတ်ပုံ - ကယားပြည်နယ် ကြက်ခြေနီ လှုပ်ရှားမှုများ

ကိုဗစ် ၁၉ရောဂါပိုးတွေ့ရှိသူ အမျိုးသမီးက ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ပညာရေးကောလိပ်ကွာရန်တင်းစင်တာကနေ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးကို ပြောင်းရွှေ့ကာ သီးသန့်ထားရှိပြီး လိုအပ်တဲ့ ကုသမှုတွေ ဆောင်ရွက်ပေးသွားမယ်လို့ ကယားပြည်နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာဌေးလွင်က Duwun ကို ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ အောက်တိုဘာလ ၁၅ရက် ၊ ည (၈)နာရီ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိသူ (၄၆၄,၅၅၇) ဦး ၊ ဆေးရုံဆင်းခွင့်ရရှိသူ (၁၄,၇၀၆) ဦး ၊ သေဆုံးသူ (၇၆၅)ဦး ရှိပြီဖြစ်ပါတယ် ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က