တစ်ဦးမှာ ရောဂါပိုးတွေ့ရှိထားပါတယ်။

ကယားပြည်နယ်မှာ တိုင်းနဲ့ပြည်နယ်အသီးသီးကနေပြန်လာပြီး ကွာရန်တင်းထားရှိသူ အယောက်(၃၀၀)ကျော်ရှိကာ မနေ့ညကထုတ်ပြန်ချက်အရ ကိုဗစ်ပိုးတွေ့လူနာတစ်ဦးစတင်တွေ့ရှိခဲ့ပါတယ်။ 

နိုင်ငံအတွင်း ကိုဗစ်ကူးစက်မှုစတင်ဖြစ်ပွါးခဲ့စဉ်ကတည်းက ပိုးကင်းစင်ခဲ့တဲ့ ကယားပြည်နယ်မှာ ပထမဆုံးပိုးတွေ့လူနာ စတင်တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါပိုးတွေ့လူနာက ရန်ကုန်ကနေရောက်ရှိလာတဲ့သူဖြစ်ပြီး အသွားအလာကန့်သတ်ကာ ကွာရန်တင်းဝင်ရောက်နေသူဖြစ်တယ်လို့ သိရပါတယ်။



“ အခုကပိုးတွေ့လူနာက အစကတည်းက အသွားအလာကန့်သတ်ထားတာဆိုတော့ သိပ်ပြီး စိုးရိမ်စရာမရှိပေမယ့် ဒေသခံတွေအနေနဲ့ကတော့ ကျန်းမာရေးစည်းကမ်းချက်တွေကို ဒီထက်ပိုပြီးလိုက်နာဖို့တော့လိုပါမယ်။ ကယားပြည်နယ်ကို ဒေသအသီးသီးက လာလို့ ကွာရန်တင်းထားရှိထားသူ (၃၀၀)ကျော်ရှိတယ်။အဲဒီထဲက swabယူစစ်ဆေးပြီး အခုတစ်ယောက်မှာပိုးတွေ့တာပါ။ “လို့ 

ကယားပြည်နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာဌေးလွင်က Duwun ကို ပြောပါတယ်။ ယခုပိုးတွေ့လူနာက အမျိုးသမီးတစ်ဦးဖြစ်ပြီး အောက်တိုဘာလ (၆)ရက်နေ့က ရန်ကုန်ကနေ ရောက်ရှိလာလို့ ကယားပြည်နယ်ပညာရေးကောလိပ်စင်တာမှာ ကွာရန်တင်းထားရှိထားသူဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ကယားပြည်နယ်က ပိုးကင်းစင်နယ်မြေဖြစ်ခဲ့တာကြောင့် ကယားပြည်နယ်က ကျန်းမာရေးဝန်ထမ်းတွေကိုတောင် ရန်ကုန်ကိုစေလွှတ်ပြီး အင်အားဖြည့်ကူညီဆောင်ရွက်ပေးနေတာပါ။

ဒီကနေ့မှာပဲ တတိယအသုတ်အနေနဲ့ ကျန်မာရေးဝန်ထမ်း (၂၁)ဦးကို စေလွတ်ခဲ့ပြီး စုစုပေါင်း (၆၀)ကျော်စေလွတ်ထားတယ်လို့လည်းသိရပါတယ်။ 

ကယားပြည်နယ်ရဲ့ ပိုးတွေ့ရှိမှာအခြေအနေက လက်ရှိမှာ စိုးရိမ်စရာမရှိသေးတဲ့အတွက် ကျန်းမာရေးဝန်ထမ်းအင်အားနဲ့လည်း လုံလောက်မှုရှိနေသေးတယ်လို့လည်း ဒေါက်တာဌေးလွင်က ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က