တရားခံဟာလောဘဇောကြောင့်ကျူးလွန်ခြင်းဖြစ်တယ်လို့မှတ်ချက်ပြုထားပါတယ်။

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်အတွင်းက UAB ဘဏ်အားဓားပြတိုက်သွားတဲ့သူကို ရဲစခန်းက လုယက်မှုပုဒ်မ ၃၉၂ နဲ့အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်။

Photo: Ko Ye



ဒီအမှုမှာ ကျူးလွန်သူကိုင်ဆောင်လာတဲ့သေနတ်က အတုဖြစ်တယ်လို့လည်းသတင်းတွေထွက်ပေါ်နေပြီး ဒါနဲ့ပတ်သက်လို့တော့ ကားအတွင်းပိုင်းမှာသံဘောစေ့တွေတွေ့ခဲ့ရတဲ့အတွက် ဘောစေ့တွဘာတွေနဲ့ထည့်ပစ်တဲ့သေနတ်ဖြစ်နိုင်တယ်လို့ပဲလတ်တလောပြောနိုင်သေးတယ်လို့ ရဲစခန်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဒီဘဏ်ဓားပြတိုက်ခံရမှုမှာ ကျူးလွန်သူဟာ ပြစ်မှုကျူးလွန်စဉ် ဘဏ်ဝန်ထမ်းကို ပစ္စတိုသေနတ်နဲ့ချိန်ရွယ်ခြိမ်းခြောက်ကာ ငွေကျပ်သိန်းနှစ်ရာတောင်းယူသွားတာလို့ ကနဦးသတင်း ထွက်ခဲ့တာဖြစ်ပေမယ့်လည်း ရဲတပ်ဖွဲ့ရဲ့စစ်ဆေးပေါ်ပေါက်ချက်အရမှာတော့ အမှုကတရားလိုနဲ့သက်သေတွေရဲ့ထွက်ဆိုချက်အရ သေနတ်နဲ့ခြိမ်းခြောက်ကာငွေကျပ်သိန်းနှစ်ရာ လုယက်ယူဆောင်သွားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာဖြစ်တယ်လို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေရဲစခန်းဆီကနေသိရပါတယ်။

Photo: Ko Ye

လက်ရှိမှာတော့ ကျူးလွန်သူကိုဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပြီး အမှုဖြစ်စဉ်နဲ့ပတ်သက်လို့တော့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေရဲစခန်းက (ပ)၄၀၀/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ(၃၉၂)နဲ့အမှုဖွင့်ထားပြီး တရားခံဟာလောဘဇောကြောင့်ကျူးလွန်ခြင်းဖြစ်တယ်လို့မှတ်ချက်ပြုထားပါတယ်။

မနေ့ကနေ့လယ် ၃ နာရီ ၄၅ မိနစ်အချိန်ခန့်က မန္တလေး ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက် ၆၂ လမ်းနဲ့ ရတနာလမ်းကြားက UAB ဘဏ်ဓားပြတိုက်ခံရတာမှာ ဖြစ်စဉ်နဲ့ပတ်သက်လို့ MarkII 99 အဖြူရောင်ယာဉ်အမှတ် YGN 4D/5422 နဲ့ အရပ်အမြင့် ၅ ပေ ၆ လက်မခန့်၊ အသက် ၃၀ နှစ်ခန့်အရွယ်ရှိတဲ့လူငယ်တစ်ဦးဟာ နှာခေါင်းစည်းတပ်လျက်နဲ့ဘဏ် ထဲဝင်လာကြောင်း၊ အသင့်ပါလာတဲ့ ပစ္စတိုသေနတ်နဲ့ဘဏ်ကောင်တာတစ်ခုမှာရှိတဲ့ ဝန်ထမ်းအမျိုးသမီးဆီချိန်ကာ ငွေတောင်းကြောင်း၊ ဝန်ထမ်းက တစ်သောင်းတန်တစ်ထုပ် ပေးတာမှာလက်မခံဘဲ သေနတ်နဲ့ပစ်မယ်လို့ ခြိမ်းခြောက်လို့ နောက်ထပ်တစ်ထုပ် ပေးလိုက်ရကြောင်း စုစုပေါင်းငွေကျပ်သိန်းနှစ်ရာအား ယူဆောင်ကာ ၆၂ လမ်းတောင်ဘက် ရတနာလမ်းအတိုင်း အနောက်ဘက်သို့ ထွက်ပြေးသွားကြောင်း၊ ၎င်းဟာ စီးလာတဲ့ကားကို သာယာဝတီမင်းကြီးလမ်းနဲ့ ဝေသာလီလမ်းကြား၊ ၆၉ အေလမ်းမှာ မီးရှို့ထားခဲ့ထွက် ပြေးသွားကြောင်း ရဲစခန်းမှတ်တမ်းအရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က