အောက်တိုဘာ ၁၅ ရက်နေ့က စတင် ခွင့်ပြုကြောင်း ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာထားတာပါ

ရှမ်းပြည်နယ်အတွင်းကုန်စည်စီးဆင်းမှု မြန်ဆန်စေဖို့ အတွက် မှန်လုံယာဉ်နဲ့ ကုန်စည်ပို့ဆောင်ခြင်းကို ခွင့်ပြုလိုက်ပြီလို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ကနေ သိရပါတယ်။



အောက်တိုဘာ ၁၅ ရက်နေ့က စတင် ခွင့်ပြုကြောင်း ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာထားတာဖြစ်ပြီး မှန်လုံယာဉ်နဲ့ ကုန်စည်တင်ပို့တဲ့အခါ လူ ၁၇ ဦးနှင့်အထက် ခရီးသည်တင် Express ကားတွေကိုသာ ကုန်စည်ပို့ဆောင်မှုခွင့်ပြုလိုက်တာဖြစ်ပြီး ခရီးသည်တင်ခြင်းကိုတော့ လုံးဝခွင့်မပြုဘူးလို့ သိရပါတယ်။

"လုပ်ထုံးလုပ်နည်း တွေအတိုင်းပဲလုပ်တယ်။ ဒါပေမယ့် express တွေဟာလူမတင်ရဘူး။ ကုန်ပစ္စည်းပဲ တင်ရမယ်။ လူ ၁၇ ယောက်စီးအထက်ဖြစ်ရမယ်။ ကားသေးလေးတွေတော့မရဘူး။ အရင်က မှန်လုံကားတွေနဲ့ ကုန်စည်ပို့ဆောင်ခွင့် ကန့်သတ်ထားတာက လူတွေပြန်တင်တင်လာလို့ပါ၊ အဲ့လူတွေကနေ ရောဂါတွေပြန်ကူးမှာစိုးလို့စိုးရိမ်လို့ပါ။ အခုတော့သူတို့ဘက်ကတာဝန်ခံမှုရှိရမယ်။ လူတင်ခွင့်မရှိဘူး။" လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။

အခုလို ကုန်စည်ပို့ဆောင်ခွင့်ပြုလိုက်တာဟာ အလုပ်အကိုင်အခွင့်အလမ်းအဆင်ပြေဖို့အပါအဝင် ပြည်သူစားဝတ်နေရေး၊ ကုန်စည်စီးဆင်းမှု အားလုံးအတွက် စဉ်းစားပြီး ဖြေလျှော့ပေးလိုက်တာဖြစ်တယ်လို့သိရပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာတော့ ကုန်ကားသမား အားလုံးကို ကိုဗစ်ပိုးရှိမရှိ Test Kit နဲ့စစ်ဆေးမှုတွေလုပ်ဆောင်မှာဖြစ်တယ်လို့သိရပါတယ်။


အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က