သြဂုတ်လ ၂၇ ရက်မှာ တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းတွေကို ပြန်ပိတ်ခဲ့တာ ဖြစ်ပါတယ်။

အခြေခံပညာစာသင်ကျောင်းတွေကို ကိုဗစ်ရောဂါထိန်းချုပ်နိုင်ချိန်ရောက်မှသာပြန်ဖွင့်နိုင်မှာဖြစ်ပြီး ပြန်ဖွင့်ချိန်မှာ ပိတ်ရက်တွေမှာပါသင်ကြားမှုတွေပြုလုပ်သွားရမယ့်အခြေအနေရှိတယ်လို့အခြေ ခံပညာဦးစီးဌာနမှ သိရပါတယ်။

စာသင်ကျောင်းတွေဟာပုံမှန်ဆိုရင်အချိန်ကာလ ကိုးလ (ရက်သတ္တပတ် ၃၆ ပတ်) တက်ရောက်စာသင်ကြားရတာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိကတော့ ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းတွေပိတ်ထားရတဲ့အတွက် ကျောင်းပြန်ဖွင့်တဲ့အခါ ကျောင်းသူ ကျောင်းသားတွေ နောက်ကျမှုမရှိစေရန် စနေ၊တနင်္ဂနွေပိတ်ရက်မှာပါ စာသင်ကြားနိုင်ဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။



"ဒီကာလက ကိုဗစ်ကူးစက်မှု အရမ်းမြင့်နေတာဆိုတော့ ကိုဗစ်ဗဟိုကော်မတီရဲ့ဆုံးဖြတ်ချက်အတိုင်းဖြစ်တယ်။ ကျောင်းဖွင့်ဖို့ကိစ္စလည်း ကိုဗစ်ဗဟိုကော်မတီရဲ့ဆုံးဖြတ်ချက်ပဲလိုက်နာရတယ်။ ရောဂါထိန်းချုပ်နိုင်ပြီ ကျောင်းသားတွေကို ကာကွယ်ဆေးထိုးနှံနိုင်ပြီဖွင့်ရပြီဆိုဖွင့်မယ် "လို့ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။

လတ်တလော မှာတော့ အခြေခံပညာကျောင်းအားလုံးကို ပိတ်ထားကြောင်းနဲ့ပြန်လည်ဖွင့်လှစ်ဖို့ ညွှန်ကြားချက်ရပြီဆိုတာနဲ့ တရားဝင်အသိပေးထုတ်ပြန်မှာဖြစ်တယ်လို့ သိရပါတယ်။ "ကျောင်းတွေပြန်ဖွင့်မယ်ဆိုလို့ ကလေးတွေကိုတောင် ကျူရှင်ထားခဲ့တယ်။ နောက်တော့ ဆရာမကကျောင်း မဖွင့်သေးဘူးဆိုြ့ပီးကျူရှင်သင်တာကို နားလိုက်တယ်။ ကိုဗစ်ရောဂါဖြစ်နေတော့ ကျောင်းမဖွင့်တာကောင်းပေမယ့် ၊ကလေးတွေက စာသင်နှစ်နောက်ကျတယ်။ ကလေးတွေ တစ်နေကုန် Maskတပ် စာသင်ဖို့ကလည်း ထင်သလောက်မလွယ်ပါဘူး။ ခုထိတော့ကျောင်းဖွင့်မယ်မဖွင့်ဘူးဘာမှမသိရသေးဘူး"လို့ ကျောင်းသား မိဘဖြစ်သူ ဒေါ်ခင်စိုးဝင်းကပြောပါတယ်။

စာသင်ကျောင်းတွေကို ကိုဗစ်ကူးစက်မှုနှုန်းကျဆင်းခဲ့တဲ့ ဇူလိုင်လမှာ ခတ္တပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် ဒုတိယလှိုင်းကူးစက်မှုစတင်ချိန် သြဂုတ်လ၂၇ရက်မှာတော့ တစ်နိုင်ငံလုံးက စာသင်ကျောင်းတွေကို ပြန်လည်ပိတ်ခဲ့တာ လက်ရှိအချိန်အထိလည်းဖြစ်ပါတယ်။ 

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က