သေဆုံးသူက (၉) ဦး ရှိပါတယ်။

မော်လမြိုင်မှာ ပိုးတွေ့လူနာအရေအတွက်များလာတာကြောင့် ဆေးရုံကြီးအပြင် ကိုဗစ်ကုသရေးစင်တာတွေ ပြင်ဆင်ထားတယ်လို့သိရပါတယ်။

photo- Zin Moe



ဆေးရုံကြီးအပြင် နောက်ထပ်ကုသရေးစင်တာ (၂)မှာပါ လူပြည့်သွားပြီဖြစ်လို့ ကုသရေးစင်တာအသစ် (၃)မှာ ဒီနေ့ကစပြီး လူနာတွေစတင်ထားရှိမယ်လို့သိရပါတယ်။ကုသရေး စင်တာ (၃)မှာက လူနာဦးရေ (၃၀၀)လောက်ဆံ့ပြီး ဒီကနေ့ညဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မော်လမြိုင်က ပိုးတွေ့လူနာတွေသာ ပါလာခဲ့ရင်တော့ ကုသရေးစင်တာ (၃)မှာ စတင်ထားရှိမှာဖြစ်တယ်လို့ သိရပါတယ်။

“ မော်လမြိုင်ရဲ့ ရောဂါတွေ့ရှိမှုနှုန်းက တစ်မြို့လုံးပျံ့နေတယ်လို့တောင်ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက (၆၉)ဦးတွေ့တယ်ဆိုတာက တစ်နေရာတည်းမှာအလုပ်လုပ်တဲ့အလုပ်သမားအားလုံးမှာတွေ့တာပါ။ ငါးဒိုင်အအေးခန်းထဲမှာ အလုပ်လုပ်တဲ့သူတွေက။ အဲဒီကအမျိုးသမီးက အနံ့ပျောက်လို့ စစ်ဆေးရာကနေ ပိုးတွေ့တယ်။ သူနဲ့အလုပ်အတူလုပ်တဲ့သူတွေကို စစ်တဲ့အခါမှာလည်း ကံဆိုးစွာနဲ့အားလုံးမှာတွေ့ခဲ့တာပါ”လို့ လူနာတွေကို သွားရောက်ခေါ်ယူပို့ဆောင်ပေးနေတဲ့ ပရဟိတအဖွဲ့ခေါင်းဆောင် ကိုဇင်မိုးက Duwun ကိုပြောပါတယ်။

အဆိုပါပိုးတွေ့ဝန်ထမ်းအားလုံးက မနက်အလုပ်သွား ညနေအလုပ်ဆင်းတဲ့အခါရပ်ကွက်ထဲသွားလာမှုတွေရှိတာကြောင့် သူတို့နဲ့ ထိတွေ့သူအားလုံးကို ကွာရန်တင်းထားရှိဖို့ခေါ်ဆောင်ရာမှာ အယောက် (၃၀၀)နီးပါးထိရှိတယ်လို့သိရပါတယ်။

photo- Zin Moe

ထိတွေ့ထားသူ အယောက် (၃၀၀)လောက်ကိုတော့ အသုတ်လိုက်ခွဲပြီး ဓာတ်ခွဲစစ်ဆေးမှာဖြစ်ရာ ပထမအသုတ်ရဲ့ အဖြေကတော့ ဒီကနေ့ညထုတ်ပြန်ချက်မှာ သိရနိုင်တယ်လို့ဆိုပါတယ်။ ထိတွေ့ထားသူ (၃၀၀)ရဲ့ ရောဂါပိုးတွေ့ရှိမှုအပေါ်မူတည်ပြီး မော်လမြိုင်ရဲ့ ပိုးကူးစက်မှုနှုန်းက (၂)ပတ်အတွင်း ပြောင်းလဲလာနိုင်တယ်လို့သိရပါတယ်။

“ အခုမော်လမြိုင်မှာ ပိုးတွေ့လူနာက (၅၀၀)ကျော်ရှိတယ်။ ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ထားသူတွေကလည်းအများကြီးပါ။ ထိတွေ့ထားသူတွေကလည်းများတော့ ခွဲပြီး ဓာတ်ခွဲစစ်ဆေးရမယ်။ အဲဒီထဲက သာ ပိုးထပ်တွေ့တယ်ဆိုရင် သူတို့နဲ့ ထပ်ပြီးထိတွေ့ထားသူတွေကို ထပ်လိုက်ရအုံးမှာပေါ့။ နောက်ထပ်ပိုးထပ်တွေ့တဲ့လူနာပေါ်မူတည်ပြီးကူးစက်အခြေအနေကိုကြည့်ရမှာပါ။လက်ရှိကတော့ လူနာတွေအတွက်နေရာပြင်ဆင်ထားတာတွေရှိလို့ အခက်အခဲမရှိသေးပါဘူး”လို့ မော်လမြိုင် ပြည်နယ်ကျန်းမာရေး ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က Duwun ကိုပြောပါတယ်။

မော်လမြိုင်မှာ ပိုးတွေ့လူနာအရေအတွက်များလာတာနဲ့ အမျှ ထိတွေ့ထားသူတွေလည်းများတဲ့အတွက် ပရဟိတအဖွဲ့ ၊လူမှုကူညီရေးအဖွဲ့တွေအနေနဲ့ကနေ ၂၄နာရီ နာရီနီးပါး ကူညီဆောင်ရွက်မှုတွေပေးနေကြရတယ်လို့သိရပါတယ်။ အောက်တိုဘာလ (၁၉)ရက်နေ့ထိ မော်လမြိုင်မှာတော့ ပိုးတွေ့လူနာ (၅၁၆)ဦးရှိကာ၊ သေဆုံးသူ (၉)ဦးရှိပါတယ်။လက်ရှိမော်လမြိုင်ဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့လူနာက (၁၆၁)ဦး ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။



Share

Loading Next Article...
က္က