မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဆင်းကတ် ၃၄ သန်းကျော်ထဲမှ ရရှိခြင်းဖြစ်ပါတယ်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို ပိတ်သိမ်းဆင်းကတ်များထဲက လက်ကျန်ငွေ သန်း ၁,၇၀၀ ကျော်ကို လှူဒါန်းခဲ့ကြောင်းနဲ့  ယင်းဝန်ကြီးဌာနမှ စုစုပေါင်း ကျပ်သန်းပေါင်း ၃,၀၀၀ ကျော်ကို လှူဒါန်းခဲ့ရတဲ့အကြောင်းရင်းများကို ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားခဲ့တာဖြစ်ပါတယ်။



ဇွန်လ ၃၀ ရက် နောက်ပိုင်းနဲ့ ဖေဖော်ဝါရီလ ၂၂ ရက်‌ နောက်ပိုင်းတွင် မှတ်ပုံတင်ခြင်းမရှိတဲ့၊ အချက်အလက် မှန်မှန်ကန်ကန် မှတ်ပုံမတင်တဲ့ ဆင်းကတ်ပေါင်း (၃၄.၄၉) သန်းကျော်ကို ပိတ်သိမ်းခဲ့ရာမှာ အဆိုပါဆင်းကတ်တွေထဲက လက်ကျန်ငွေ စုစုပေါင်းကျပ် (၁,၇၂၂) သန်းကျော် ကျန်ရှိခဲ့တာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အောက်တိုဘာလ ၁၉ ရက်နေ့၊ နေပြည်တော်တွင် အဆိုပါငွေများကို လှူဒါန်းစဥ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

နေပြည်တော် (ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီးတွင်လည်း အောက်ဆီဂျင်ပိုက်လိုင်းတပ်ဆင်မှုလုပ်ငန်းများ အတွက်လည်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကျပ်သန်း (၄၀၀) ကျော် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့က ပိတ်သိမ်းခဲ့တဲ့ ဆင်းကတ် (၆.၅၅) သန်းကျော်မှ လက်ကျန်ငွေ (၁,၅၇၃) သန်းကျော်ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေသို့ လှူဒါန်းခဲ့သေးတယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

 MPT SMS ကနေ ပြည်သူများထံမှ အလှူခံရရှိငွေ ၂၀၆ သိန်းကျော်နဲ့ MPT က ထပ်ဆောင်းလှူဒါန်းငွေ သိန်း တစ်ထောင်ကျော်ကိုလည်း မေလ ၂၉ ရက်တုန်းက ကိုဗစ် ကာကွယ်ထိန်းချုပ်ကုသရေးအတွက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၉ ရက် နေ့လယ်က န်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အလှူရှင်များထံက လှူဒါန်းမှုများကို လက်ခံခဲ့တာဖြစ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ငွေကျပ် (၁,၇၂၂,၇၅၅,၅၁၂)၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အရာထမ်းအမှုထမ်းများက (၁၁,၆၈၀,၀၀၀)၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမီတက်က ငွေကျပ် (၃၀,၀၀၀,၀၀၀)၊ နိုင်ငံ့ဝန်ထမ်း စေတနာရှင်များ၏ 1000 kyats Campaign က ငွေကျပ် (၇,၆၄၈,၅၀၀)၊ ရန်ကုန်ပညာရေးတက္ကသိုလ် သင်ကြား/စီမံဌာနများနှင့်အဆောင်များက ငွေကျပ် (၂,၂၂၂,၀၀၀)နှင့် သံအမတ်ကြီးဒေါက်တာလှမောင် ဖောင်ဒေးရှင်းက ငွေကျပ် (၁,၀၀၀,၀၀၀) တို့ ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က