ဒီကနေ့ကစပြီး အကျုံးဝင်ခဲ့တာပါ။

ကိုဗစ်ကူးစက်ရောဂါ ပျံ့နှံ့မှု လူနာတွေတွေ့ရှိလာတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် မြို့နယ်မြို့နယ်အတွင်း နေထိုင်တဲ့ပြည်သူများကို stay at home အဖြစ်နေထိုင်ဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ခရီးသွားရာဇဝင်မရှိသလို အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့မှုမရှိထားဘဲ ပြည်တွင်းကူးစက်မှုလူနာတွေ့ရှိမှု များလာတာကြောင့် အခုလိုထုတ်ပြန်ကြေညာခဲ့တာပါ။ အဆိုပါမြို့နယ်နှစ်ခုအနေနဲ့ stay at home အစီအစဉ်ကို ဒီကနေ့ အောက်တိုဘာ (၂၀)ရက်နေ့ကစပြီး အကျုံးဝင်သက်ရောက်မှာ ဖြစ်ပါတယ်။



“ ကျွန်တော်တို့ဆီမှာက ကူးစက်လူနာအရမ်းများနေတာမျိုးမဟုတ်ဘဲ ပိုးတွေ့လူနာတွေရဲ့ ကွင်းဆက်ကိုလိုက်ရင် ဘယ်ကကူးလို့ ကူးမှန်းမသိဘဲ ကွင်းဆက်ပြတ်နေကြတာ။ ပိုးက လေထဲမှာပြန့်နေသလိုပေါ့။ လူနာတွေက ဘယ်ကကူးလို့ကူးမှန်းမသိဘူးဆိုတာက စိုးရိမ်ရတဲ့သဘောပါ။အဲဒါကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာက အခုလို stay at home ကြေညာလိုက်တာဖြစ်ပါတယ်”လို့ မိုးညှင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးက Duwun ကို ပြောပါတယ်။

ရန်ကုန်မှာတင်မဟုတ်ဘဲ တိုင်းနဲ့ပြည်နယ်အချို့မှာလည်း ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်လာနေတဲ့အတွက် အားလုံးဂရုတစိုက်နေထိုင်ကြဖို့ကိုလည်း နိုင်ငံတော်အတိုင်ပင်ခံက မနေ့ကထုတ်လွှင့်တဲ့ ကိုဗစ်၁၉ နဲ့ ပတ်သက်ပြီး တင်ပြတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ အဓိက ကူးစက်မှုများလာတဲ့ တိုင်းနဲ့ပုည်နယ်တွေမှာ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ဧရာဝတီတိုင်းတို့ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာဆိုရင်လည်း ပိုးတွေ့ လူနာ (၁၀၀)ဦးရှိကာ stay at home ကြေညာလိုက်တဲ့ ဖားကန့်မြို့နယ်မှာတော့ ပိုးတွေ့လူနာ (၄၅)ဦးနဲ့ မိုးညှင်းမြို့နယ်မှာ (၁၇)ဦးရှိတယ်လို့ သိရပါတယ်။ Stay at home ကြေညာလိုက်တဲ့ မြို့နယ်မှာ နေထိုင်တဲ့သူတွေအနေနဲ့ သတ်မှတ်စည်းကမ်းချက်တွေကို မဖြစ်မနေလိုက်နာရမှာဖြစ်ပြီး လိုက်နာမှုမရှိပါက ထိရောက်တဲ့ အရေးယူမှုတွေဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က