ငါးဒိုင်မှာအလုပ်လုပ်တဲ့ပိုးတွေ့လူနာတွေရဲ့ မိသားစုဝင်တွေပါ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ မနေ့ကည ထုတ်ပြန်ချက်အရ မော်လမြိုင်က ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ထားလို့ ကွာရန်တင်း ထားရှိထားတဲ့သူတွေထဲကနေ နောက်ထပ် (၄၇)ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

photo- Zin Moe



ပိုးတွေ့လူနာသစ် (၄၇)ဦးထဲမှာ (၄၅)ရက်သားအရွယ်သာ ရှိသေးတဲ့ အမြွှာကလေးနှစ်ဦးအပါအဝင် (၁၀)နှစ်အောက် ကလေး(၈)ဦးထိ ပါဝင်တယ်လို့ သိရပါတယ်။ အဆိုပါပိုးတွေ့လူနာ (၄၇)ဦးက ငါးဒိုင်အအေးခန်းမှာ အလုပ်လုပ်တဲ့ ပိုးတွေ့အလုပ်သမား (၆၉)ဦးရဲ့ မိသားစုဝင်တွေဖြစ်ပြီး အယောက် (၃၀၀)နီးပါးကို စစ်ဆေးရာမှာ (၄၇)ဦးမှာ ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။

“ လသားကလေးက အမြွှာကလေးတွေပါ။ ငါးဒိုင်အအေးခန်းက မိသားစုဝင်တွေပဲ။ ကွာရန်တင်းထားရှိထားတဲ့ (၃၀၀)လောက်ကို ပထမအကြိမ်စစ်တာမှာ (၄၇)ဦး ထပ်ထွက်တာပေါ့။ ကျန်တဲ့သူတွေကိုလည်း သူ့သတ်မှတ်ရက်ပြည့်ရင် နောက်ထပ် ဒုတိယအကြိမ်ထပ်စစ်ပါမယ်။ ညက ပိုးတွေ့လူနာတွေကိုတော့ ကုတင်(၃၀၀)ဆံ့တဲ့ ကုသရေးစင်တာ(၃)မှာ စတင်ထားရှိတယ်”လို့ မော်လမြိုင် RESCUE ကွန်ရက်မှ ကိုဇင်မိုး က Duwun ကို ပြောပါတယ်။

photo- Zin Moe

နိုင်ငံတော်အတိုင်ပင်ခံပြောထားတဲ့ ကိုဗစ်ပိုးကူးစက်မှု မြင့်တက်နေတဲ့ တိုင်းနဲ့ပြည်နယ်ထဲမှာ မွန်ပြည်နယ်လည်း ပါဝင်ပြီး လက်ရှိမော်လမြိုင်မှာတော့ ဆေးရုံကြီးမှာတောင် လူနာတွေပြည့်နေတဲ့အတွက် ကုသရေးစင်တာတွေကိုပါ ပြင်ဆင်ဆောင်ရွက်ထားရတာပါ။ မော်လမြိုင်မှာ ပိုးတွေ့လူနာအရေအတွက်များလာတာနဲ့ အမျှ ထိတွေ့ထားသူတွေလည်းများတဲ့အတွက် ပရဟိတအဖွဲ့ ၊လူမှုကူညီရေးအဖွဲ့တွေအနေနဲ့ကနေ ၂၄ နာရီ နာရီနီးပါး ကူညီဆောင်ရွက်မှုတွေပေးနေကြရတယ်လို့သိရပါတယ်။

အောက်တိုဘာလ (၂၀) ရက်နေ့ထိ မွန်ပြည်နယ်တစ်ခုလုံးအနေနဲ့ ပိုးတွေ့လူနာ (၅၂၁)ဦးရှိကာ၊ သေဆုံးသူ (၉)ဦးနဲ့ ဆေးရုံကြီးမှာတော့ (၁၆၁)ဦး ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ စုစုပေါင်း ၃၇,၂၀၅ ရှိနေပြီဖြစ်ပြီး မနေ့ညက ထပ်တိုးတဲ့ (၁၁၈၀)ဦးရဲ့ နေရပ်တွေကိုတော့ မသိရှိရသေးပါဘူး။





Share

Loading Next Article...
က္က