ပြီးခဲ့တဲ့ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခဲ့သူ ၈ သိန်းကျော်ခဲ့ပေမယ့် စာမေးပွဲအောင်မြင်သူက၂ သိန်းကျော်သာရှိခဲ့ပါတယ်။

၂၀၁၉ ခုနှစ်ပညာာသင်နှစ်မှာ တက္ကသိုလ်ဝင်စားမေးပွဲအောင်မြင်ခဲ့သူနဲ့ ကျရှုံးခဲ့သူတွေကို အထက်တန်းပြီးဆုံးကြောင်းလက်မှတ်ထုတ်ပေးဖို့ စီစဉ်ထားပေမယ့် ယနေ့အထိ ထုတ်ပေးနိုင်ခြင်းမရှိသေးဘူးလို့ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။

အထက်တန်းပြီးဆုံးကြောင်းလက်မှတ်တွေကို စက်တင်ဘာလ (၈) ရက်နေ့ကတည်းက ထုတ်ပေးဖို့စီစဉ်ထားပြီးဖြစ်လို့ အဆင်သင့်ဖြစ်နေပေမယ့် ကိုဗစ်ရောဂါကူးစက်မှုမြင့်တက်နေတဲ့အတွက် လူစုလူဝေးဖြစ်မှာစိုးရိမ်တာကြောင့် မထုတ်ပေးသေးတာဖြစ်တယ်လို့ သိရပါတယ်။ဒီလက်မှတ်တွေဟာ ၂၀၁၉ပညာသင်နှစ်မှာ ပထမဆုံးစတင်ထုတ်ပေးမှာဖြစ်ပါတယ်။



“ဆယ်တန်းပြီးဆုံးကြောင်းလက်မှတ်က အခုထိဘယ်သူ့ကိုမှထုတ်မပေးရသေးဘူး။ အဲ့ဒီလက်မှတ်က ဆယ်တန်းအောင်တာရော၊ ဆယ်တန်းကျတာရော အကုန်ပါတယ်။ အောင်ခြင်းကျခြင်းနဲ့မဆိုင်ဘူး။ လက်မှတ်ထုတ်ပေးဖို့ စက်တင်ဘာလ ၈ ရက်မှာလုပ်ခဲ့ပေမယ့် ကိုဗစ် second wave ကြောင့်အဲ့ဒါကိုရပ်ထားခိုင်းထားတာပါ။ ကိုဗစ်ကော်မတီကပေးလို့ရပြီဆိုမှပေးမှာဖြစ်တယ်။ ဆရာတို့လည်းပေးချင်တယ်အလုပ်အတွက်လိုအပ်တာမှန်တာပေါ။ကျောင်းတွေမှာအကုန်နာမည်တွေပါရေး၊ကျောင်းတွေမှာနာမည်တွေပါမှားလို့ ထပ်တောင်းလို့ ထပ်ပေး၇တာတွေလည်းရှိတယ်။ ဒီကြားထဲမှာအကုန်လုံးကအဆင်သင့်ဖြစ်နေပြီ။ဒါပေမယ့်ကိုဗစ်ကူးစက်မှုကအရမ်းမြင့်နေတော့လူစုလူဝေးကဖြစ်မှာစိုးလို့ ရပ်ခိုင်းထားတာပါ။”လို့ ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။

အထက်တန်းပြီးဆုံးကျောင်းလက်မှတ်ကို အခြေခံပညာဦးစီးဌာနက သတ်မှတ်ထားတဲ့စံသတ်မှတ် ချက်တွေဖြစ်တဲ့ ကျောင်းခေါ်ချိန်ပြည့်မီခြင်း၊ ပညာရည် စစ်ဆေး အကဲဖြတ်ခြင်း၊ ဘာသာရပ် အလိုက် တတ်မြောက်မှု အဆင့်သတ်မှတ်ခြင်း၊ စာပေအနုပညာ လှုပ်ရှားမှုနှင့် လူမှုရေး ပြစ်ချက်ကင်းပြီးကျောင်းစည်းကမ်းကို လိုက်နာခြင်း၊ အားကစား/ကာယလှုပ်ရှားမှုတွေ ဆောင်ရွက်ခြင်း စတဲ့ စံသတ်မှတ်ချက်နဲ့ကိုက်ညီသူတွေကို ထုတ်ပေးမှာဖြစ်ပါတယ်။

“ကိုဗစ်ကူးစက်မှုထိန်းချုပ်နိုင်ပြီဆိုရင်သူတို့သတင်းထုတ်ပြန်ပါလိမ့်မယ်။ ကိုဗစ်ကော်မတီကနေသတင်းထုတ်ပြန်တော့မှသူတို့ကမှပညာရေးဝန်ကြီးဌာနကိုပို့တယ်။ပညာရေးဝန်ကြီးဌာနကမှ ဆရာတို့အခြေခံပညာဦးစီးဌာနကိုညွှန်ကြားတယ်။ ဆရာတို့ကဘာတစ်ခုမှဆုံးဖြတ်လို့မရဘူး။ ကျန်တဲ့ပုံမှန်အချိန်ဆို ပညာရေးဝန်ကြီးဌာနအစီအစဉ်နဲ့လုပ်လို့ရတယ်။ ခုက ကိုဗစ်ကူးစက်နေတာဆိုတော့ ကိုဗစ်ဗဟိုကော်မတီကပဲဆုံးဖြတ်တယ်။”လို့ ၎င်းကထပ်မံပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အထက်တန်းပြီးစီးကြောင်း လက်မှတ်ထုတ်ပေးရမယ့် ကျောင်းသား ကျောင်းသူ ၅၆,၇၀၀၀ကျော်ရှိကြောင်းနဲ့ လက်မှတ်တွေထုတ်ပေးမယ့်ရက်ကိုလည်း တရားဝင်ကြေငြာပေးမှာဖြစ်ပြီး အားလုံးဟာ ကိုဗစ်ကော်မတီအပေါ်မူတည်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခဲ့သူ ၈ သိန်းကျော်ခဲ့ပေမယ့် စာမေးပွဲအောင်မြင်သူက၂ သိန်းကျော်သာရှိခဲ့ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က