ရေကြီး၊မြေပြိုမှု အန္တရာယ်တွေကိုလည်း သတိပေးထားပါတယ်။

ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဒေသအများစုမှာ အောက်တိုဘာလ (၂၀)ရက်နေ့ကစလို့ မိုးသည်းထန်စွာရွာသွန်းလျှက်ရှိကာ အောက်တိုဘာ (၂၄)ရက်ထိ ဆက်လက်မိုးကြီးနိုင်တယ်လို့ မိုးဇလမှ သိရပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုအန္တရာယ်တွေကို သတိပြုနေထိုင်ကြဖို့ကလည်း မိုးဇလက အသိပေးထုတ်ပြန်ထားပါတယ်။



“ လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် အောက်တိုဘာ (၂၄)ရက်နေ့ထိ ဒေသအများအပြားမှာ မိုးရွာနိုင်ပါတယ်။ ဒေသအလိုက် နေရာကွက်ကျားကနေ နေရာစိပ်စိပ် မိုးကြီးနိုင်တယ်။ အဓိက စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းနဲ့ ရခိုင်မှာဆိုရင်တော့ နေရာကွက်ကျားမိုးကြီးနိုင်တယ်”လို့ မိုးဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကိုပြောပါတယ်။

နေရာဒေအများအပြားမှာ မိုးကြီးနိုင်သလို ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်းများ ကျရောက်နိုင်တယ်လို့လည်း သိရပါတယ်။ 

ယခုရက်ပိုင်း ရာသီဥတု အ‌ခြေအနေအရ လေပြင်းတိုက် ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီး ခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင် ပါသဖြင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်သူများအနေနဲ့ မြေပြိုမှုအန္တရာယ် နှင့် မြစ်၊ ချောင်းများအနီး နေ ထိုင်ကြသူများ လျှပ်တစ်ပြက်ရေ ကြီး၊ ရေလျှံမှု‌ဘေးသတိပြုရန် ကိုလည်း မိုးဇလကအသိပေးထုတ်ပြန်ထားတာပါ။

ဘင်္ဂလားပင်လယ်အော်အ လယ်ပိုင်းမှာ အောက်တိုဘာ၂၀ ရက်ကစပြီး လေဖိအားနည်းရပ် ဝန်းတစ်ခုဖြစ်ပေါ်ခဲ့တာကြောင့် မြန်မာနိုင် ငံဒေသအများစုအတွက် သဘာဝ ဘေးသတိပေးချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က