လှူပြီးသားသူတွေလည်း ပြန်လည်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

ရောဂါလက္ခဏာပြင်းထန်တဲ့ ကိုဗစ်လူနာတွေကို ရောဂါပိုးကူးစက်ခံရပြီး နေပြန်ကောင်းသွားသူတွေရဲ့ သွေးရည်ကြည်နဲ့ကုသမှာပေးနေရာ လက်ရှိမှာတော့ အထိရောက်ဆုံးနဲ့ အောင်မြင်တဲ့နည်းလမ်းတစ်ခုဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။

ကိုဗစ်ပထမလှိုင်းမှာတုန်းက သွေးရည်ကြည်နဲ့ကုသပေးခဲ့တဲ့လူနာ ရှစ်ဦးစလုံးမှာ ကျန်းမာရေးပြန်လည်ကောင်းသွားပြီ ယခု ဒုတိယလှိုင်းမှာလည်း သွေးရည်ကြည်နဲ့ ကုသပေးနေတဲ့ လူနာ (၄၂)ဦးမှာ (၃၁)ဦးက ရောဂါလက္ခဏာ သက်သာလာတာကြောင့် ကုသမှုရဲ့ (၄)ပုံမှာ (၃)ပုံလောက်က ရလဒ်ကောင်းရရှိတယ်လို့ ဆိုပါတယ်။



ကိုဗစ်ပျောက်ကင်းလူနာတွေထဲက သွေးရည်ကြည်ပြန်လှူမှုတွေမှာ အမျိုးသားတစ်ဦးရဲ့ လှူဒါန်းမှုက လူနာ သုံးယောက်ကို ကုသနိုင်ပြီး အမျိုးသမီးတစ်ဦးရဲ့လှူဒါန်းမှုကတော့ လူနာနှစ်ယောက်ကို ပြန်လည်ကုသနိုင်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“ လက်ရှိမှာ ကိုဗစ်လူနာတွေကို ကုသဖို့ ဘာကာကွယ်ဆေးမှမရှိသေးတဲ့အချိန်၊လူနာရဲ့ရောဂါလက္ခဏာပေါ်မူပြီး ကုသပေးရာမှာ သွေးရည်ကြည်ကုထုံးနည်းက အသက်ကယ်နိုင်တဲ့သဘောရှိပါတယ်။ သွေးရည်ကြည်နဲ့ ကုသတဲ့အခါမှာလည်း ရောဂါလက္ခဏာအရမ်းဆိုးပြီးအဆုတ်ပျက်စီးနေတဲ့လူနာတွေကို ကုဖို့ကျတော့လည်းမလွယ်ပါဘူး။ ရောဂါပျောက်ကင်း လူနာတွေရဲ့ သွေးရည်ကြည်ကလည်း ဆေးရုံကဆင်းပြီး (၃)လနဲ့ (၄)လကြားမှာ အကောင်းဆုံးဖြစ်တယ်။ ကိုယ်ခံအား ခန္ဓာကိုယ်အားကြီးတဲ့ အမျိုးသားတွေရဲ့ သွေးတစ်ခါလှူမှုက လူနာသုံးဦးကိုကုနိုင်ပြီး အမျိုးသမီးတစ်ဦးရဲ့လှူဒါန်းမှုကတော့ လူနာ နှစ်ဦးကို ပြန်လည်ကုသနိုင်တယ်လို့ “လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက Duwun ကိုပြောပါတယ်။

ကိုဗစ်ပျောက်ကင်းလူနာတွေအနေနဲ့ ဆေးရုံကဆင်းပြီး တစ်လပြည့်ပါက သွေးရည်ကြည်လှူဒါန်းနိုင်ပြီး ကိုယ်ခံအားကောင်းပါက နှစ်ပတ်နေရင် နောက်တစ်ကြိမ်ပြန်လည်လှူဒါန်းလို့ ရတယ်လို့ သိရပါတယ်။ ဒုတိယလှိုင်းမှာ သွေးရည်ကြည်ကုပေးနေတဲ့လူနာ (၄၂)ဦးမှာ (၃၁)က သက်သာလာကာ (၅)ဦးက ဆက်လက်ကုသနေဆဲဖြစ်ပြီး (၆)ဦးကသေဆုံးခဲ့ပါတယ်။ 

နေ့စဉ်ပိုးတွေ့လူနာတွေများလာပြီး လက်ရှိမှာ သွေးရည်ကြည်ကုထုံးနည်းကလည်းထိရောက်တဲ့ ကုသမှုတစ်ခုဖြစ်နေတာကြောင့် ပျောက်ကင်းလူနာတွေရဲ့ သွေးရည်ကြည်လှူဒါန်းမှုတွေကိုတော့ လိုအပ်လျှက်ရှိနေပါတယ်။ ကိုဗစ်ပျောက်ကင်းလူနာတွေအနေနဲ့ကလည်း သွေးရည်ကြည်တွေလှူဒါန်းပေးဖို့ကိုလည်း ဒေါက်တာခင်ခင်ကြီးက မေတ္တာရပ်ခံပြောကြားခဲ့ပါသေးတယ်။ လက်ရှိအချိန်ထိတော့ ကိုဗစ်ရောဂါပျောက်ကင်းလူနာတွေထဲက လူ(၁၀၀)ကျော်လောက်ကတော့ သွေးရည်ကြည်လှူဒါန်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က