ရန်ကုန်လည်း Stay at Home အဖြစ်ဆက်လက်အကျုံးဝင်နေဆဲပါ။

ကိုဗစ်ပိုးကူးစက်ပျံ့နှံ့မှု များနေတဲ့ ရန်ကုန်ကို စက်တင်ဘာလ (၂၁)ရက်နေ့ကစပြီး နှစ်ပတ်တာ Stay at Home သတ်မှတ်ထားခဲ့ပြီးနောက် ရောဂါကူးစက်မှုလျော့ကျလာခြင်းမရှိတဲ့အတွက် ဒုတိယအကြိမ်အဖြစ် ရက်ထပ်တိုးကာအောက်တိုဘာ (၂၁)ရက်နေ့ထိ သတ်မှတ်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ Stay at Home အစီအစဉ်နဲ့ပတ်သက်ပြီး အစိုးရကထုတ်ပြန်ချက်ဆက်လက်ထုတ်ပြန်တာမျိုးမလုပ်တော့ပါဘူး။ ဒါနဲ့ ပတ်သက်လို့ ဒီကနေ့ နိုင်ငံတော်သမ္မအိမ်တော် သတင်းစာရှင်းလင်းပွဲမှာတော့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက Stay at Home သတ်မှတ်ထားတဲ့နေရာတွေမှာ နောက်ထပ်ဖြေလျော့မှုတွေမလုပ်မချင်း Stay at Home အဖြစ် အကျုံးဝင်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။



“ Stay at Home သတ်မှတ်ထားတဲ့နေရာတွေမှာ ဖြေလျော့မှုပေးလိုက်ပြီဆိုရင် အသိပေးထုတ်ပြန်တာမျိုးတွေလုပ်မှာပါ။ အခုချိန်မှာ ကူးစက်မှုတွေလည်း မြင့်တက်နေဆဲဖြစ်တဲ့အတွက် ဖြေလျော့ပေးတာမျိုးတွေတော့မရှိသေးပါဘူး။ ဒါကြောင့် ဖြေလျော့မှု တစ်စုံတစ်ရာမရှိသေးသရွေ့ကတော့ Stay at Home အစီအစဉ်မှာ အကျုံးဝင်နေဆဲဖြစ်မှာပါ”လို့ ဦးဇော်ဌေးက ပြောကြားခဲ့တာပါ။

လက်ရှိရန်ကုန်မှာလည်း ဖြေလျော့မှုတွေနဲ့ပတ်သက်ပြီး ထုတ်ပြန်ကြေညာခြင်းမရှိသေးတဲ့အတွက်မြို့နယ်တွေမှာ လက်ရှိအချိန်ထိ Stay at Home အစီအစဉ်မှာ အကျုံးဝင်နေဆဲဖြစ်တယ်လို့သတ်မှတ်ရမှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပိုးတွေ့လူနာတွေထဲမှာ ရန်ကုန်က အများစုပါဝင်နေသလို သေဆုံးလူနာတွေရဲ့ (၉၅)ရာခိုင်နှုန်းကလည်း ရန်ကုန်ကဖြစ်ပါတယ်။ Stay at Home သတ်မှတ်ထားတဲ့ ရန်ကုန်တိုင်းအတွင်းမှာတော့ ကုန်ကြမ်းပေး၊ကုန်ချောယူ CMP စက်ရုံအချို့ပြန်ဖွင့်ခွင့်ပေးထားသလို မြို့နယ်တွေကို ကျော်ဖြတ်သွားလာခွင့် QR Pass စနစ်ကိုလည်းဖျက်သိမ်းထားပြီး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က