၁၉ ရက်နေ့ကလည်း သာယာဝတီအကျဉ်းထောင်က အကျဉ်းသား ၁၆ ဦးမှာ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်းစစ်ဆေးတွေ့ရှိရပါတယ်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သာယာဝတီအကျဉ်းထောင်က အကျဉ်းသား ၁၅၇ဦး မှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရကြောင်း အောက်တိုဘာလ ၂၂ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း သာယာဝတီအကျဉ်းထောင်က အကျဉ်းသား ၁၆ ဦးမှာ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်းစစ်ဆေးတွေ့ရှိရပါတယ်။ ဒါကြောင့် ခုဆိုရင် သာယာဝတီအကျဉ်းထောင်က အကျဉ်းသား ၁၇၃ ယောက်အထိ ကိုဗစ်ပိုးကူးစက်ခံထားရပြီးဖြစ်ပါတယ်။ “Rapid Test Kit နဲ့စစ်တယ်လို့တော့ပြောတယ်။ Test kit နဲ့စစ်တယ်ဆိုတာရယ်၊ နေပြည်တော်က ပူးပေါင်းကူညီတဲ့အဖွဲ့တွေနဲ့ လက်ရှိ စစ်ဆေးတယ်ဆိုတာသိရတယ်။ ကျွန်တော်တို့ဆီကို တရားဝင် official စာနဲ့မရောက်သေးတော့ ဘယ်မှာမှ ထုတ်ပြန်လို့မရသေးဘူးဖြစ်နေတာ။ မီဒီယာတွေကလှမ်းမေးတော့ ကျွန်တော်တို့လည်း ဖုန်းနဲ့လှမ်းဆက်သွယ်တော့မှသိရတာဖြစ်တယ်။ သတင်းထုတ်ပြန်ဖို့အတွက်တော့ကွန်ဖန်း မလုပ်သေးပါဘူး။ အကျဉ်းသားတွေကူးစက်ခံထားရတာ အကြမ်းမျဉ်းတော့သိပြီးပြီ။ အကျဉ်းသားတွေကူးစက်ခံရတာကိုပေါ့။”လို့ ပဲခူးတိုင်းအစိုးရအဖွဲ့မှပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဒေါက်တာစောညိုဝင်းကပြောပါတယ်။



သာယာဝတီအကျဉ်းထောင်က အကျဉ်းသား ၁၆ ဦးမှာ ကိုဗစ် ပိုးတွေ့ရှိ ခဲ့ပြီးနောက် အောက်တိုဘာလ ၂၂ ရက်နေ့မှာ သာယာဝတီဗဟိုအကျဉ်းထောင် အိပ်ဆောင်အမှတ် ၁၁ က အကျဉ်းသား ၂၀၀ ကျော်နဲ့ ဝန်ထမ်းတချို့ကို test kit နဲ့စစ်ဆေးခဲ့တာဖြစ်ပါတယ် ။အဲ့ဒီထဲ့ အကျဉ်းသား၁၅၇ ဦးနဲ့ အကျဉ်းထောင်ဝန်ထမ်း ၃ ဦးမှာပါ ကိုဗစ်ပိုးတွေ့ရှိရတာဖြစ်တယ်လို့သိရပါတယ်။

အကျဉ်းထောင်အတွင်း အကျဉ်းသားတွေမှာ ပိုးတွေ့ရှိတဲ့ကိစ္စနှင့်ပတ်သက်ပြီး သာယာဝတီခရိုင် ဆေးရုံအုပ် ဒေါက်တာသူရ ကိုဆက်သွယ်မေးမြန်ခဲ့ရာ “ထောင်ကသတင်းက ကျွန်တော်တို့ဆီက မရဘူး။ ထောင်ကလူနာတွေလည်း ကျွန်တော်တို့ဆီမထားဘူး။ ဟိုတစ်နေ့က ၁၆ယောက်တွေ့တာတော့သတင်းကြားတယ်။ထောင်တွင်းစစ်ဆေးမှုကို ပြည်ထဲရေးကလုပ်တာပါ”လို့ ဆိုပါတယ်။

လက်ရှိသာယာဝတီမြို့နယ်ရဲ့ ကိုဗစ် အတည်ပြုလူနာစာရင်းအရ ပဲခူးတိုင်းကျန်းမာရေးဦစီးဌာနရဲ့ အောက်တိုဘာလ ၂၂ ရက်နေ့ထုတ်ပြန်မှုစာရင်းမှာ ပိုးတွေ့လူနာ ၁၀၀ ရှိပြီး ၊ ယခု အကျဉ်းသားတွေ့ရှိမှုနှုန်းပါ ထပ်ပေါင်းလိုက်ပါက ကိုဗစ်ပိုးတွေ့လူနာ၂၆၀ဦးအထိရှိထားတာ ဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က