ပါတီအင်အားပြ လှည့်လည်မှုတွေကိုလည်း ကိုဗစ်-၁၉ စည်းမျဉ်းဘောင်အတွင်းကသာ လုပ်ကြဖို့ အတိုင်ပင်ခံက ပြောပါတယ်။

လက်ရှိအချိန်မှာ ပြည်သူတွေရဲ့ ကျန်းမာရေးကသာအရေးကြီးပြီး အောင်နိုင်ရေးကို အင်တိုက်အားတိုက်လုပ်နေကြတာထက် မဲပေးရမယ့် နိုဝင်ဘာလ (၈)ရက်နေ့မှာသာ အင်တိုက်အားတိုက်မဲပေးကြဖို့လိုတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်ရောဂါဖြစ်ပွါးမှု နောက်ဆုံးအခြေအနေကိုတင်ပြတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

ရွေးကောက်ပွဲနီးလာတဲ့အမျှ ပြည်သူတွေရဲ့ ကျန်းမာရေးက အဓိကကျလို့ ပါတီအင်အားပြလှည့်လည်မှုတွေကိုလည်း ကိုဗစ်-၁၉ စည်းမျဉ်းဘောင်အတွင်းကသာ လုပ်ကြဖို့အတိုင်ပင်ခံကပြောခဲ့တာပါ။



“ ရွေးကောက်ပွဲနီးလာတာနဲ့ အမျှ အောင်နိုင်ရေးနဲ့ ပတ်သက်လို့ လှုပ်ရှားနေတဲ့ ပါတီအသီးသီးဟာ စည်းမျဉ်းစည်းကမ်းတွေကို သတိပြုလိုက်နာစေချင်ပါတယ်။ ဒါဟာ အများရဲ့ ကျန်းမာရေးအတွက်လည်းဖြစ်တယ်။ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်လည်း ဖြစ်တဲ့အတွက် သည်းခံကြပါ။ အောင်နိုင်ရေးကို အင်တိုက်အားတိုက်လုပ်ချင်ကြတယ်ဆိုပေမယ့် အရေးကြီးတာက မဲပေးရမယ့် နိုဝင်ဘာ(၈)ရက်နေ့ကျရင်သာ အင်တိုက်အားတိုက်မဲပေးဖို့လိုပါတယ်။ ကြိုတင်မဲပေးခွင့်ရှိသူတွေကလည်း (၈)ရက်နေ့မတိုင်ခင်ကတည်းက စတင်မဲပေးနိုင်ပါပြီ။ ဒါကြောင့်မဲပေးဖို့ အတွက် ကိုယ့်ရဲ့ အင်အားတွေကို စုထားကြပါ”လို့ အတိုင်ပင်ခံကပြောကြားခဲ့ပါတယ်။

ပါတီအောင်နိုင်ရေးအတွက် ပါတီတိုင်းကတာဝန်အရ လုပ်ဆောင်ခွင့်တွေရှိပေမယ့် ကျန်းမာရေးစည်းမျဉ်းတွေနဲ့အညီလုပ်ဆောင်ဖို့ အတိုင်ပင်ခံကပြောကြားခဲ့တာပါ။ လာမယ့် ၂၀၂၀ရွေးကောက်ပွဲအတွက် ပါတီအသီးသီးကို ဝန်းရံကြတဲ့ပြည်သူတွေဟာ ကိုဗစ်ကပ်ရောဂါကာလမှာပဲ အားပေးထောက်ခံသူအများအပြားနဲ့ အင်အားပြလှည့်လည်မှုတွေကိုဆက်တိုက်နီးပါး လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ကလည်း ၂၀၁၅ခုနှစ်ကထက် ဒီနှစ်မှာ ရွေးကောက်ပွဲအပေါ်ပိုမိုစိတ်ဝင်စားမှုရှိပြီး ကြိုတင်မဲပေးဖို့လျှောက်ထားသူက ၂၀၁၅ခုနှစ်ကထက် (၃)ဆလောက်ပိုများခဲ့တယ်လို့လည်းသိရပါတယ်။ ၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့  (၆၉)%ထိ ကြိုတင်မဲပေးထားပြီး ဖြစ်ပါတယ်။

Share

Loading Next Article...
က္က