New Ranger DC XLT 2.2 အပါအဝင် Ford က ထုတ်လုပ်တဲ့ Ranger Series တွေဟာ ၂၀၁၉ခုနှစ်အတွက် လူထု ရွေးချယ် ဝယ်ယူမှုအများဆုံး ကားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပြီး UK မှာ ရောင်းအကောင်းဆုံး စာရင်းလည်း ဝင်ခဲ့ပါတယ်။
Saint Sandy Htet

Ford ရဲ့ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ New Ranger DC XLT 2.2 ကို တော်တော်များများ ရင်းနှီး ကြပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ ဒီ New Ranger DC XLT 2.2 ဟာ လုပ်ငန်းသုံးရော အိမ်စီးအတွက်ပါအဆင်ပြေမယ့် ကားမျိုးလို့ ပြောရမှာပါ။ ဝန်တင်နိုင်အားက 1000kg ဖြစ်ပြီး ပစ္စည်းများများစားစား တင်ဆောင်ဖို့ အတွက် အနောက်ခန်းက နေရာကျယ်ကျယ်အပြင် ခေါင်းခန်းကလည်း ခြေလွတ်လက်လွတ် သက်သောင့်သက်သာထိုင်နိုင်မယ့်အထိ ကျယ်ဝန်းပါသေးတယ်။ ယာဉ်ခေါင်းခန်းပိုင်း မှာ စီးနင်းသူတွေရဲ့ လုံခြုံမှု ပိုမိုကောင်းမွန်စေဖို့ လေအိတ် (၆ အိတ်) ထည့်သွင်းပေးထားပြီး Pressure monitoring နဲ့ အရှိန်နှုန်းတိုင်းတာပေးတဲ့ စနစ်တွေကို ထည့်သွင်းပေးထားတယ်လို့သိရပါတယ်။

Highway မောင်းနှင်မယ်ဆိုရင်လည်း New Ranger 2019 2.2L TDCi engine ကိုသုံးထားတဲ့အတွက် ဆီစားနှုန်းကိုပိုမိုသက်သာစေပြီး ဆူညံသံသိပ်မထွက်ဘဲ ချောချောမွေ့မွေ့ရှိပါတယ်။ဒါ့အပြင် Twist-beam rear suspension ကိုအသုံးပြုထားတဲ့အတွက်ကြောင့်လမ်းပေါ် မောင်းနှင်နေချိန်အတွင်း ထိန်းချုပ်မှုအား ပိုမိုကောင်းမွန်တယ်လို့ လည်းသိရပါတယ်။ ကြီးမားကျယ်ပြန်တဲ့ ယာဉ်ကိုယ်ထည်နဲ့ အင်ဂျင်ခန်းထဲမှာ Electronic Component တွေကို အပေါ်တင်ထားနိုင်တဲ့ စနစ်ပါရှိတာကြောင့် Off-road လမ်းကြမ်းတွေမောင်းနှင်တဲ့အခါ ထိခိုက်မှုမရှိနိုင်တဲ့ အပြင် ရေထဲကို ဖြတ်ပြီးမောင်းနှင်မယ်ဆိုရင်လည်း ရေအနက် 800mm ထိ ဖြတ်သန်းသွားလာနိုင်မှာဖြစ်ပါတယ်။

လုံခြုံမှုအပိုင်း၊ ဆီစားနှုန်းနဲ့ အကြမ်းခံနိုင်မှုတွေ အပြင် စီးနင်းသူတွေအတွက် Entertainment ပိုင်း အတွေ့အကြုံအတွက် FORD SYNC 3 နည်းပညာနဲ့ ထုတ်လုပ်ထားပြီး သီချင်း၊ရေဒီယိုနားထောင်ဖို့ အသံပိုင်းဆိုင်ရာအတွက်လည်း SONY ရဲ့နည်းပညာ အသုံးပြုထားတဲ့ စပီကာ (၆) လုံးလည်း ပါရှိဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီ New Ranger Model မှာ Back Camera နဲ့ Parking Senor ပါရှိတာဖြစ်လို့ နေ့ဘက်ပဲဖြစ်ဖြစ် ညဘက်ဖြစ်ဖြစ် ကားပါကင်ထိုးတဲ့အခါလည်း မြန်ဆန်လွယ်ကူစေမှာလည်း ဖြစ်ပါတယ်။ ဒီလို Feature တွေ နဲ့ Ford က ထုတ်လုပ်ထားတဲ့ New Ranger DC XLT 2.2 2019 ဟာ သူနဲ့ စျေးကွက်ပြိုင်ကားတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တောင် ထုတ်လုပ်ထားတဲ့ အရည်အသွေးက ပိုမိုအားသာပြီး လမ်းပေါ်မှာ ပိုပြီး စွမ်းဆောင်ရည်ကောင်းနေတဲ့ ကားအမျိုးအစားပဲ ဖြစ်ပါတယ်။ 


New Ranger DC XLT 2.2 အပါအဝင် Ford က ထုတ်လုပ်တဲ့ Ranger Series တွေဟာ ၂၀၁၉ခုနှစ်အတွက် လူထု ရွေးချယ် ဝယ်ယူမှုအများဆုံး ကားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပြီး UK မှာ ရောင်းအကောင်းဆုံး စာရင်းလည်း ဝင်ခဲ့ပါတယ်။ အချုပ်အနေနဲ့ ပြောရရင် ကိုယ်ပိုင်ကားနဲ့ နိုင်ငံအနှံ့ပတ် ခရီးထွက်တတ်တဲ့ မိသားစုတွေ၊ သူငယ်ချင်းအုပ်စုတွေအနေနဲ့ရော လုပ်ငန်းသုံးဖို့ အတွက် ကားလိုနေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ရော ဒီ Ford New Ranger DC XLT 2.2 2019 Double Cab ဟာ ရွေးချယ်ဖို့ အသင့်တော်ဆုံး ကားတစ်စီးဖြစ်ပါတယ်။



Author


က္က