မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉အတည်ပြုလူနာ ၄၃,၇၈၈ ဦးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၁,၀၆၆ ဦး ရှိခဲ့ပါတယ်။

WHO က ထုတ်ပြန်ထားတဲ့ ကမ္ဘာ့ကိုဗစ်-၁၉ကူးစက်မှုအများဆုံးနိုင်ငံ(၉၀)စာရင်းမှာ မြန်မာနိုင်ငံက အဆင့်(၇၆) နေရာမှာရပ်တည်နေပါတယ်။ 

အောက်တိုဘာ (၂၃) ရက်နေ့ နေ့လယ် ၂ နာရီအချိန် နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ စာရင်းမှာ မြန်မာနိုင်ငံက အတည်ပြုလူနာ အရေအတွက် ၄၂,၃၆၅ ဦးနဲ့ အဆင့်(၇၆) နေရာမှာရပ်တည်နေတာပါ။ WHO ရဲ့ ဆန်းစစ်မှုအရရ လက်ရှိအချိန်အထိ လူဦးရေ ၅၄.၄သန်းရှိတဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့်သေဆုံးသူဦးရေက ပိုးတွေ့ရှိမှုရဲ့၂.၅ ရာခိုင်နှုန်းရှိတယ်လို့လည်း သိရပါတယ်။ 



အောက်တိုဘာ ၂၄ ရက်ည ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁,၄၂၃ ဦး ထပ်တိုးခဲ့ပြီး သေဆုံးသူလည်း ၂၈ ဦး ထပ်တိုးခဲ့ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒောာက်တိုဘာ ၂၄ ရက် ည (၈) နာရီအထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၃,၇၈၈ ဦးနဲ့ သေဆုံးသူ ၁,၀၆၆ ဦး ရှိလာကာ ပြန်လည်ပျောက်ကင်းသူဦးရေ ၂၃,၇၀၈ ဦးရှိခဲ့ပါတယ်။

WHO ရဲ့ကမ္ဘာ့ကူးစက်မှုနှုန်း အများဆုံးနိုင်ငံ (၉၀) စာရင်းမှာ အာဆီယံဒေသတွင်းမှ မြန်မာအပါအဝင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့လည်း ပါဝင်နေခဲ့ပါတယ်။ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းအများဆုံး အာဆီယံနိုင်ငံတွေထဲမှာတော့ မြန်မာက အဆင့် (၄) ဖြစ်နေပြီး အင်ဒိုနီးရှားက အတည်ပြုလူနာ ၃၇၇,၅၄၁ ဦးနဲ့ အများဆုံးဖြစ်ကာ ဖိလစ်ပိုင်က ၃၆၃,၈၈၈ ဦးနဲ့ ဒုတိယ၊ စင်ကာပူက ၅၇,၉၄၁ ဦးနဲ့ တတိယနေရာတွေမှ ရှိနေပါတယ်။ လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မလေးရှားမှာတော့ ကူးစက်ခံရသူ ၂၃,၈၀၄ ဦးရှိပြီး မြန်မာနိုင်ငံထက် ကူးစက်မှုနှုန်းနည်းပါးနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က