ပိုးတွေ့ရှိသူများမှာ လွိုင်ကော်မြို့ ပညာရေးကောလိပ်တွင် ကန့်သတ်စောင့်ကြည့်နေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ပညာရေးကောလိပ် ကွာရန်တင်းစင်တာကနေ အောက်တိုဘာလ ၂၄ရက် စစ်ဆေးမှုအရ ကိုဗစ်၁၉ရောဂါပိုး (၃)ဦးတွေ့ရှိခဲ့တာကြောင့် လက်ရှိ ကယားပြည်နယ်မှာ ကိုဗစ်၁၉လူနာ ငါးဦးရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၃ရက်က တစ်ဦး ကိုဗစ်၁၉ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ၎င်းလူနာနဲ့ တစ်ခန်းတည်း နှင့် တစ်ဆောင်တည်းနေသူ စုစုပေါင်း (၁၅)ဦးကို ထပ်မံစစ်ဆေးခဲ့ရာကနေ အောက်တိုဘာလ ၂၄ရက်မှာ သုံးဦးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။



" ရန်ကုန်မှာ တစ်ပတ်သွားပြီး ပြန်လာတဲ့တစ်ယောက်ပေါ့နော်။ သူ့ကို စစ်ဆေးတွေ့ရှိတယ်ပေါ့ ၂၃ရက်က။ အဲဒါနဲ့ သူနဲ့တစ်ခန်းတည်းနေတဲ့သူတွေရော ကျန်တဲ့သူတွေထပ်စစ်တယ်တော့ သုံးဦးတွေ့တယ်။ Rapid Test Kit နဲ့ ၁၅ယောက်စစ်လိုက်တာပါ ။ ရန်ကုန်က ပြန်လာသူတွေအကုန်လုံးကို ပညာရေးကောလိပ်ကွာရန်တင်းစင်တာမှာ ထားပါတယ် ။ " လို့ ကယားပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က Duwun ကို ပြောပါတယ်။

လက်ရှိအချိန်မှာတော့ အောက်တိုဘာလ ၂၃ရက်က စစ်ဆေးတွေ့ရှိသူ အမျိုးသမီး၊ အောက်တိုဘာလ ၂၄ ရက်က စစ်ဆေးတွေ့ရှိသူ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးတို့ကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး သီးခြားထားရှိကာ ကုသမှုတွေ ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။ ကယားပြည်နယ်ရဲ့ ပထမဆုံး ကိုဗစ်၁၉ လူနာ အမျိုးသမီးက ရန်ကုန်တိုင်းဒေသကြီးကနေ ပြန်လည်ရောက်ရှိလာပြီး ကယားပြည်နယ် ပညာရေးကောလိပ်မှာ ကွာရန်တင်းနေထိုင်ရာကနေ အောက်တိုဘာလ ၁၅ရက်ကမှာ စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၄ရက် ည(၈)နာရီအထိ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်၁၉လူနာ စုစုပေါင်း (၄၃,၇၈၈)ဦးရှိနေပြီဖြစ်ပြီး ဆေးရုံဆင်းခွင့်ရရှိသူ လူနာ( ၂၃,၇၀၈) ဦး ၊ သေဆုံးလူနာ (၁,၀၆၆) ဦး ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က