လက်ရှိမှာ တိုင်းကျန်းမာအနေနဲ့ကတော့ positive လူနာတွေကို ထိထိမိမိ ကိုင်တွယ် ကုသမှုပေးနိုင်ဖို့ကိုပဲ အဓိကထား လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

ပဲခူးတိုင်းမှာကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိမှုနှုန်းဟာ အောက်တိုဘာလ ၂၄ ရက်နေ့က ပိုးတွေ့လူနာ ၂၉၀ နဲ့ စံချိန်တင် တွေ့ရှိခဲ့တာကြောင့် အရေးကြီးတဲ့အခြေအနေဖြစ်နေတယ်လို့ ပဲခူးတိုင်းကျန်းမာရေးဦးစီးဌာနက သတိပေးပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ တိုင်းကျန်မာအနေနဲ့ကတော့ positive လူနာတွေကို ထိထိမိမိ ကိုင်တွယ် ကုသမှုပေးနိုင်ဖို့ကိုပဲ အဓိကထား လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။



“လက်ရှိ အတည်ပြုလူနာက ၂၀၀၀ ကျော်ရှိသွားပြီ။ ကျွန်တော်တို့ အခုစစ်နေတာက  Rapid test Kit နဲ့ စစ်တာရှိတယ်။ အဲဒါတွေကို သက်ဆိုင်ရာဆေးရုံတွေက ပို့တယ်။ အဲဒါကို အချိန်အတိုင်းတာတစ်ခုမှာ ယူတယ်။နောက်ပြီးတော့ ကွာရန်တင်းစင်တာမှာထားပြီးတော့ ၁၄ ရက်ကျော်ရှိတဲ့ သူမျိုး၊ နောက်တစ်ခုက အရေးကြီးတဲ့ case မျိုးပေါ့၊ အဲ့ဒါမျိုးတွေဆို test kit နဲ့စစ်တယ်။ အထူးရဲဆိုလည်း kit နဲ့စစ်တယ်။ ကုန်ကားတွေဆိုလည်း kit နဲ့စစ်တယ်။ ညရောက်မှ compile (စာရင်းပြုစု) လုပ်တယ်။အဲဒီတော့ သက်ဆိုင်ရာတွေကို သတင်းပို့တဲ့အခါ ဖြတ်တဲ့အချိန်ပေါ် မူတည်ပြီးတော့ MoHS က ထုတ်တဲ့သတင်းက တစ်မျိုးဖြစ်တယ်။ တိုင်းကထုတ်တာ တမျိုးဖြစ်တာရှိတတ်တယ်။ အဓိကတော့ ဘာကိုဦးတည်သေသေချာချာလုပ်နေလဲဆိုတော့ ပိုးတွေ့လူနာကို တကယ်ထိထိမိမိရရေးလုပ်နေတယ်။ ကွာရန်တင်းမှာပဲတွေ့တွေ့ ၊ အပြင်မှာပဲတွေ့တွေ့ ပိုးတွေ့တာနဲ့ သီးခြားမထားနိုင်ရင်သူကနေ တခြားလူကို ပျံ့နှံ့မှုက တအားများသွားပါတယ်။ဒါကြောင့် ဒါကို ဦးစားပေးလုပ်နေတယ်”လို့ တိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာရန်နိုင်မောင်က ပြောပါတယ်။

(ဓာတ်ပုံ - သဲကုန်မြို့နယ် ပြည်သူ့ဆေးရုံ)

လက်ရှိမှာတော့ ပဲခူးတိုင်းမှာ ကိုဗစ်အတည်ပြုလူနာ ၂၃၀၀ ကျော်ရှိပြီး ၉၀၀ ကျော်က ဆေးရုံကနေ ဆင်းခွင့်ရရှိထားကြောင်းနဲ့ ပိုးတွေ့ရှိမှုအများဆုံးကတော့ ပဲခူးမြို့ဖြစ်ပါတယ်။ ပဲခူးတိုင်းဟာ ရန်ကုန်တိုင်းနဲ့ ထိစပ်မှုရှိသလို သွားလာမှုလည်းများတာကြောင့် ရန်ကုန်မှာ ပိုးတွေ့လူနာများလာတာနဲ့အတူ ပဲခူးမှာလည်း ပိုးတွေ့မှုမြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိ ပဲခူးတိုင်းရဲ့ ကိုဗစ်ကူးစက်မှုအခြေအနေဟာ မြင့်တက်မှုရှိနေတာကြောင့် လူစုလူဝေးနဲ့ လမ်းမပေါ်ထွက်တာတွေမလုပ်ဖို့ ပြောဆိုထားပြီး တကယ်လို့ လူအုပ်စုတွေနဲ့ လမ်းမပေါ်ထွက်နေဦးမယ်ဆိုရင်တော့ ကိုဗစ်ရောဂါကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲသွားနိုင်တယ်လို့ သတိပေးပြောဆိုပါတယ်။

ဒါကြောင့် တိုင်းအတွင်းနေထိုင်သူတွေအနေနဲ့ မလိုအပ်ဘဲ ပြင်ပကိုမထွက်ဖို့ ၊ အပြင်ထွက်တိုင်း Mask တပ်ဖို့ ၊ လက်ခဏခဏဆေးဖို့ ၊ လူစုလူဝေးကို ရှောင်ဖို့ မဖြစ်မနေလုပ်ဆောင်ဖို့လည်း တိုက်တွန်းပြောဆိုထားပါတယ်။လက်ရှိပဲခူးတိုင်းအတွင်း ကူးစက်ခံနေရတဲ့ ကိုဗစ်လူနာတွေထဲမှာ အနံ့မရသူတွေရှိသလို ၊ အနံ့လည်းရပြီး ရောဂါလက္ခဏာမပြသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အောက်တိုဘာလ ၂၅ ရက်နေ့အထိ ကိုဗစ်လူနာ ၄၄,၇၇၄ ဦးရှိနေပြီး ရန်ကုန်က လူနာ သုံးသောင်းကျော််နဲ့ အများဆုံးဖြစ်ကာ ရခိုင်နဲ့ ပဲခူးမှာ ကိုဗစ်လူနာ နှစ်ထောင်ကျော််စီတွေ့ရှိထားပြီး ကိုဗစ်ပိုးတွေ့ရှိမှုမှာ ဒုတိယနဲ့ တတိယအများဆုံးတိုင်း/ပြည်နယ်များဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က