အောက်တိုဘာ (၂၅)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။

ရောဂါကူးစက် ပြန့်ပွားမှုများနေတဲ့ တိုင်းဒေသကြီးပြည်နယ်များကို Stay at Home သတ်မှတ်ထားတဲ့အထဲက ရန်ကုန်၊မန္တလေး၊ပဲခူး၊မွန်နဲ့ဧရာဝတီတိုင်းအတွင်းက CMP စက်ရုံများနဲ့ အသေးစား/အလတ်စားလုပ်ငန်းများနဲ့ အလုပ်ဌာနများကို အောက်တိုဘာ၂၂ ရက်နေ့ကစပြီး ပြန်ဖွင့်ခွင့်ပြုကြောင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အောက်တိုဘာလ (၂၅)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Stay at home သတ်မှတ်ထားတဲ့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းက Aအဆင့်ရှိတဲ့ စက်ရုံအလုပ်ရုံတွေကို တော့ အောက်တိုဘာလ(၁၂)ရက်နေ့ကတည်းကပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။ ရန်ကုန်က စက်ရုံအလုပ်ရုံတွေ ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ရာမှာလည်း အစိုးရက ထုတ်ပြန်ချက်ကို ရက်ကပ်ပြီးကြေညာခဲ့တာကြောင့် စက်ရုံအများစုအနေနဲ့ ကုန်ကြမ်းကြိုတင်စုဆောင်းထားရှိမှု အခက်အခဲတွေရှိတာကြောင့် စတင်ခွင့်ပြုတဲ့နေ့မှာဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိခဲ့ကြပါဘူး။



ယခုရန်ကုန်တိုင်းအတွင်းက စက်ရုံအချို့အပြင် မန္တလေး၊ပဲခူး၊မွန်နဲ့ဧရာဝတီတိုင်းအတွင်းက CMP စက်ရုံများကိုလည်း အောက်တိုဘာ (၂၂)ရက်နေ့ကတည်းကပြန်လည်ခွင့်ပြုကြောင်းကို အောက်တိုဘာ (၂၅)ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့တာပါ။

မွန်ပြည်နယ်မှ မော်လမြိုင်မြို့နယ်နှင့် ဘီးလင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးမှ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် အမရပူရမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးမှ ကဝမြို့နယ်၊ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ် ဧရာဝတီတိုင်းဒေသကြီးမှ ပုသိမ်မြို့နယ်၊ ဖျာပုံမြို့နယ်နှင့် မအူပင်မြို့နယ်တို့ကိုစက်တင်ဘာလ (၂၅)ရက်နေ့က စပြီး Stay at Home သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

အခုထုတ်ပြန်ချက်အရ အဆိုပါ မြို့နယ်တွေဟာ Stay at Home အမိန့်ဆက်တည်နေဦးမှာဖြစ်ပြီး စက်ရုံ၊အလုပ်ရုံတွေကိုသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ကာ အဆိုပါ စက်လုပ်အလုပ်ရုံအလုပ်သမားတွေအနေနဲ့ အလုပ်ပြန်လည် ဆင်းလို့ရပြီလို့ဖော်ပြထားပါတယ်။ ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်တဲ့စက်ရုံတွေကတော့ ကျန်းမာရေးစစ်ဆေးမှု A အဆင့်ရမှသာဖွင့်ခွင့်ပြုမှာဖြစ်တယ်လို့လည်းသိရပါတယ်။

ကျန်းမာရေးတာဝန်ရှိသူတွေအနေနဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်အုပ်စုလိုက်ကူးစက်မှုအများဆုံးနေရာတွေထဲမှာ စက်ရုံ/အလုပ်ရုံတွေပါဝင်နေတယ်လို့သုံးသပ်ထားသလို ရန်ကုန်တိုင်းအတွင်းက စက်ရုံအချို့မှာလည်း ကိုဗစ်ကူးစက်မှု ၄၀၀ကျော်အထိရှိနေတဲ့ စက်ရုံအချို့လည်းရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က