ပုဂ္ဂိလကဆေးရုံတွေမှာ ကိုဗစ်ပိုး ရှိ/မရှိ စစ်ဆေးနိုင်ပြီး ကုသခွင့်ရရှိတော့မည်

ပုဂ္ဂိလကဆေးရုံတွေကိုရောက်ရှိလာတဲ့ ကိုဗစ်သံသယလူနာတွေကို အစိုးရဆေးရုံတွေထံလွှဲပြောင်းပေးတာမျိုးမလုပ်တော့ဘဲ ပုဂ္ဂိလဆေးရုံတွေမှာပဲ ရောဂါပိုး ရှိ၊မရှိကို စစ်ဆေးနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပုဂ္ဂလိကဆေးရုံတာဝန်ရှိသူတွေနဲ့အနေနဲ့ ညှိနှိုင်းမှုတွေလုပ်ဆောင်ပြီးဖြစ်ရာ ဝန်ကြီးဌာနဘက်ကလည်း ခွင့်ပြုထားပြီး ညွှန်ကြားချက်ထုတ်ပြန်တာနဲ့ စတင်ဆောင်ရွက်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံများအသင်း ဥက္ကဌ ဒေါက်တာထင်ပေါ်က Duwun ကိုပြောပါတယ်။

“ ညှိနှိုင်းမှုတွေအရတော့ ခွင့်ပြုတယ်။ ဘယ်လိုပုံစံမျိုးနဲ့ခွင့်ပြုမယ်ဆိုတာကို ညွှန်ကြားချက်မရသေးဘူး။ ကိုဗစ်လူနာကလည်း ရောဂါလက္ခဏာပေါ်မူတည်ပြီး အမျိုးမျိုးရှိတာဆိုတော့ ဘယ်လိုလူနာ အမျိုးအစားတွေကို ပုဂ္ဂလိကဆေးရုံတွေမှာ စစ်ခွင့်ပေးမလဲဆိုတာတွေရှိပါသေးတယ်။ ညွှန်ကြားချက်ရလို့ စတင်လုပ်ဖြစ်ရင်တော့ အခုအစိုးရက ဝယ်ယူအသုံးပြုနေတဲ့ Test Kit တွေနဲ့ပဲ စစ်ဆေးသွားမှာပါ”လို့ ဒေါက်တာ ထင်ပေါ်ကပြောပါတယ်။



ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ရရင်တောင် ပုဂ္ဂလိကဆေးရုံတိုင်းမှာ လိုက်နာဆောင်ရွက်ဖို့ အခက်အခဲတွေရှိနိုင်တယ်လို့လည်း ဒေါက်တာ ထင်ပေါ်ကသုံးသပ်ပါတယ်။ လက်ရှိပုဂ္ဂလိကဆေးရုံက ဆရာဝန်တွေက အစိုးရဆေးရုံတွေနဲ့ ကုသရေးစင်တာတွေမှာ ဝင်ရောက်ကူညီနေတာတွေရှိတာကြောင့် ဆရာဝန်အခက်ခဲတွေရှိလာနိုင်တဲ့အတွက် ဆေးရုံတိုင်းမှာတော့ လုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ 

ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်-၁၉ လူနာများ လက်ခံကုသနိုင်ရန်ကိုလည်း အစိုးရက သဘောတူညီခဲ့ပြီးဖြစ် ကာ အခုလိုဆောင်ရွက်နိုင်ရန် ရှင်းလင်းပြတ်သားတဲ့ လုပ်ငန်းလမ်းညွှန်မှုများကို ဝန်ကြီးဌာနအနေနဲ့ ရေးဆွဲနေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကဆေးရုံတွေအတွက် ညွှန်ကြားချက်ရရှိပါက 

ပထမဆုံး ပုဂ္ဂိလကဆေးရုံကိုဗစ်ကုသရေးစင်တာအဖြစ် ရွှေပြည်သာမြို့နယ်က ဆေးရုံနဲ့ မြောက်ဥက္ကလာပမြို့နယ်က ဆေးရုံအသစ်တို့ကို စတင်ဖွင့်လှစ်သွားမှာပါ။

ဖွင့်လှစ်မယ့်ပုဂ္ဂလိက ဆေးရုံနှစ်ခုမှာတော့ ကျန်းမာရေးဝန်ကြီးဌာနက လွှဲပြောင်းတဲ့လူနာတွေနဲ့ မိမိဆန္ဒအလျှောက် တက်လိုတဲ့ လူနာတွေကို ထားရှိကုသပေးသွားမှာဖြစ်ပြီး ရွှေပြည်သာမြို့နယ်က ဆေးရုံက ကုတင်(၅၀)ဆံ့နဲ့မြောက်ဥက္ကလာပ ဆေးရုံက ကုတင်(၁၀၀)ဆံ့ဆေးရုံအဖြစ် ဆောက်လုပ်ထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က