ပြည်ခရိုင် ရွှေတောင်မြို့နယ် မကျီးပေါက်ကုန်းအုပ်စု၊ ကျောက်ဖူးကျေးရွာမှ ပျောက်ဆုံးနေသော အသက်၄ နှစ်အရွယ် မိန်းကလေးရဲ့ အလောင်းကို ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ အချိန် ၉ ရက်အကြာမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။



ကလေးငယ်နေထိုင်တဲ့ ကျောက်ဖူးကျေးနဲ့ ကန်သုံးဆင့်ရွာ အကြားက စပါးခင်းအစပ်မှာ ကလေးကို မှောက်လျက်အနေအထားနဲ့ တွေ့ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ပျောက်ဆုံးသွားတဲ့ ၄ နှစ်အရွယ်မိန်းကလေး (ဓာတ်ပုံ - Pyay Rescue)

ဒိကိစ္စနဲ့ ပတ်သက်ပြီး ကလေးအလောင်းတွေ့ရှိရာကို သွားရောက် ကယ်ဆယ်ရေးဆောင်ရွက်ခဲ့တဲ့ Pyay Rescue မှ သတင်းပြန်ကြားရေးတာဝန်ခံ ကိုညီသုတက" ကလေးမိသားစုကပဲ သမီးလေးယတြာ ချေဖို့ ရွာက နတ်စင်သွားရင်းနဲ့ အနံ့ထွက်တော့သိကြတယ်၊ ကလေးကို စပါးခင်းအစပ်မှာ တွေ့တယ်၊ ကလေးက တော်တော်လေးရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီ။အပေါ်ပိုင်းအင်္ကျီမရှိတော့ဘူး။ ဘောင်းဘီတော့ဝတ်ထားတယ်။လည်ပင်းကတော့ပြတ််နေသလား သေချာမသိဘူး တော်တော်လေးတော့ ရုပ်ပျက်နေပြီ။ " လို့ ပြောပါတယ် ။

ကလေးအ‌ေလာင်းကိုရှာဖွေတွေ့ရှိပြီးနောက်ချက်ခြင်း ရွှေတောင်သုသာန်ကိုသယ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ - Pyay Rescue)

ကလေးငယ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီကျော်လောက်မှာ ကလေးငယ်အချင်းချင်း ကစားနေချိန်မှာ ပျောက်ဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။

အဲ့ဒီ ကျေးရွာမှာအိမ်ခြေ ၂၀ ကျော်သာရှိပြီး လမ်းက တစ်ဖက် ပိတ်ပုံစံ ဖြစ်နေတယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က