ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့မှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်နိုင်တဲ့အတွက် တံတားကနေ ကုန်သွယ်ခွင့် ပြန်လည်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ် ၂ ကို ဒီနေ့ (အောက်တိုဘာလ ၂၆ ရက်) မှစပြီး ပြန်လည်ဖွင့်လှစ် လိုက်ပြီဖြစ်တယ်လို့ မြဝတီမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်ကပြောပါတယ်။

ဒါ့ကြောင့် ဒီနေ့ မနက်ပိုင်းကစပြီး မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ် ၂ ကနေ BCF Zone အချင်း ချင်း ကုန် သွယ်မှုပြန်လည်စတင်ဆောင်ရွက်နေပြီဖြစ်တယ်လို သိရပါတယ်။



"အရင်က ၇ ရက်ပိတ်ထားတာကို ခုပြန်ဖွင့်တာပေါ့။ မနက်ကစဖွင့်တာပါ။မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိပေါ့။ အဓိက BCF ဇုန်ပေါ့။ BCF ဇုန်မှာပဲ ပစ္စည်း အလဲအလှယ်လုပ်ရတာ။ အဓိက သူ့ဘက်BCF ဇုန် ဒီဘက် BCF ဇုန်ပေါ့"လို့ ဦးသန့်ဇင်ပေးအောင်က ပြောပါတယ်။

ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့မှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်နိုင်တဲ့အတွက် တံတားကနေ ကုန်သွယ်ခွင့် ပြန်လည်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ Covid-19 ထိန်းချုပ်နိုင်မှုအပေါ်မူတည် ပြီး နှစ်ပတ်နှင့်တစ်လအတွင်း ယခင်ပုံမှန်ကုန်သွယ်မှုအခြေအနေပြန်လည်ရောက်ရှိစေရေးအတွက်လည်း စီစဉ်ဆောင် ရွက်သွားမယ်လို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှုး ဦးတေဇာအောင်က ပြောဆိုထား ပါတယ်။ 

ထိုင်းကနေ မြန်မာနိုင်ငံကို ဆောက်လုပ်ရေးပစ္စည်း၊ ဆေးဝါးပစ္စည်း၊ စားသောက်ကုန်တွေကို အဓိက တင်သွင်းနေခြင်းဖြစ်ပြီး မြန်မာဘက်ကနေ ထိုင်းဘက်ကို တင်ပို့မှုကတော့ လယ်ယာထွက်ကုန်နဲ့ ရေထွက်ပစ္စည်း တွေဖြစ်တယ်လို့ သိရပါတယ်။ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်းက စတင်ပိတ်ထားခဲ့တာဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက်ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ



က္က