ကန်တော်နဒီဆေးရုံမှာတက်ရောက်ကုသနေရင်း သေဆုံးသွားခဲ့ကြတာဖြစ်ပါတယ်။

မန္တလေး ကန်တော်နဒီဆေးရုံမှာ အသက် ၃၄ နှစ်အရွယ် ကိုဗစ်ရောဂါအတည်ပြုလူနာအမျိုးသားတစ်ဦးအပါအဝင် အတည်ပြုလူနာ (၃) ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူတွေဟာ ရောဂါအခံရှိသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးခဲ့တဲ့အတည်ပြုလူနာ (၃) ဦးစလုံးက ရောဂါအခံနဲ့ဆေးရုံတက်ရောက်ကုသနေရင်း ဓာတ်ခွဲနမူနာယူစစ်ဆေးကြည့်ရာက ရောဂါကူးစက်ခံရကြောင်း သိရသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။



“ကန်တော်နဒီဆေးရုံမှာဆုံးကြတာပါ။ အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ပါ၊ ရောဂါအခံတွေလည်းရှိကြပါတယ်။ နှစ်ဦးစလုံးက မသေဆုံးခင်ကတည်းက Covid-19 Positive ဆိုတာသိခဲ့တာပါ” လို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးကပြောပါတယ်။

သေဆုံးသူတွေဟာ မဟာအောင်မြေမြို့နယ်မှာနေထိုင်သူ အသက် (၇၅) နှစ်အရွယ် အမျိုးသမီး၊ စစ်ကိုင်းမြို့ကနေ ရောဂါအခံနဲ့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးဆီတက်ရောက်ကုသနေတဲ့ အသက် (၆၂) နှစ်အရွယ်အမျိုးသားနဲ့ ပုသိမ်ကြီးမြို့နယ်မှာနေထိုင်သူ အသက် (၃၄) နှစ်အရွယ် ကင်ဆာ ရောဂါအခံရှိသူ အမျိုးသားတစ်ဦးတို့ ဖြစ်ကြတယ်လို့ သိရပါတယ်။

သေဆုံးသူ အသက် (၇၅) နှစ်အရွယ် အမျိုးသမီးကတော့ ဆီးချိုသွေးတိုး ရောဂါအခံနဲ့အိပ်ရာထဲလဲနေရင်း အောက်တိုဘာလ (၂၄) ရက်က မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာတက်ရောက်ကုသစဉ် ဓာတ်ခွဲနမူနာယူစစ်ဆေးကြည့်ရာ ရောဂါပိုးတွေ့ရှိလို့ ကန်တော်နဒီဆေးရုံကို ပြောင်းရွှေ့ကုသပေးခဲ့သူပါ။

ရောဂါအခံနဲ့ ဆေးရုံတက်ရောက်ကုသခဲ့သူ အသက် (၆၂) နှစ်အရွယ် အမျိုးသားကတော့ ဓာတ်ခွဲနမူနာယူစစ်ဆေးကြည့်ရာကနေ ပိုးတွေ့လို့ ကန်တော်နဒီဆေးရုံကို ပြောင်းရွှေ့ကုသမှုခံယူခဲ့ပြီး ဒီနေ့ အောက်တိုဘာ (၂၆) ရက် မနက် ၆ နာရီခွဲမှာ သေဆုံးခဲ့တာပါ။ မန္တလေး ပုသိမ်ကြီးမြို့နယ် ညောင်ပင်သာကျေးရွာနေ အသက် ၃၄ နှစ်အရွယ် ကင်ဆာရောဂါအခံရှိသူအမျိုးသားကတော့ ဆေးရုံမှာတက်ရောက်ကုသနေရင်း အောက်တိုဘာ (၂၅) ရက်ညပိုင်းက သေဆုံးသွားခဲ့တာလို့ ပုသိမ်ကြီးမြို့နယ် Covid-19 ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးရဲမင်းဦးကပြောပါတယ်။

"ညောင်ပင်သာရွာက အသက် ၃၄ နှစ်အရွယ်အမျိုးသားပါ၊ သူကကင်ဆာရောဂါဖြစ်ပြီးရွာမှာနေတာ အိပ်ရာထဲလဲနေတာပါ။ ဆုံးတာကမနေ့ကညကဆုံးတာပါ၊ ဆေးရုံ ကိုသွားပြရာကနေ Positive ဖြစ်ကြောင်းသိရသူပါ" လို့ သူကဆိုပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ ဒီကနေ့အထိ ကိုဗစ်ရောဂါအတည်ပြုလူနာသေဆုံးမှု ၆ ဦးအထိရှိနေပြီး အဲဒီအထဲမှာ မဟာအောင်မြေမြို့နယ်ထဲက ၃ ဦး၊ အောင်မြေသာ စံမြို့နယ်က ၁ ဦး၊ ပုသိမ်ကြီးမြို့နယ်က ၁ ဦးနဲ့ နောက်ထပ်တစ်ဦးကတော့ စစ်ကိုင်းမြို့ကနေ မန္တလေးမြို့ကို ဆေးလာကုသူတစ်ဦးတို့ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က