အင်အားပြခဲ့ကြရာမှာ ပူးပေါင်းပါဝင်သူဦးရေ တစ်သိန်းခွဲနှစ်သိန်းလောက်ရှိတယ်လို့ သိရပါတယ်။

ကျောက်ဆည်မြို့မှ အောက်တိုဘာ၂၅ရက်က NLDထောက်ခံဝန်းရံကြသူအင်အားနှစ်သိန်းခန့်က မြို့ရဲ့လမ်းမကြီးတွေပေါ်မှာ အင်အားပြလှည့်လည်ခဲ့ကြပြီး ဝန်းရံသူတွေဆီကနေအလှူငွေတွေကောက်ခံခဲ့ကြရာ ကောက်ခံရရှိတဲ့အလှူငွေတွေကို Covid-19 တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေအတွက်လှူဒါန်းသွားဖို့ စီစဉ်လိုက်ကြတယ်လို့ ဒီအစီအစဉ်မှာပါဝင်တဲ့ကျောက်ဆည်မြို့ကကိုစိုးသီဟက Duwun ကိုပြောပါတယ်။

Photo: စိုးသီဟ(ကျောက်ဆည်)

“ကိုဗစ်ကာလကြီးမှာ အားလုံးကိုမေတ္တာရပ်ခံတယ် မလုပ်ကြပါနဲ့လို့ပြောတယ်ပေါ့ဗျာ၊ ဒါပေမယ့်လည်း တစ်ဖက်ကလူတွေကတောက်လျှောက်တွေလုပ်နေ ကြတော့ ဒီဘက်ကလူတွေကလည်းမနေနိုင်တော့ဘဲနဲ့ သူတို့ဟာသူတို့စုစည်းကြပေါ့၊ လှည့်ကြမယ်ဆိုပြီးတိုင်ပင်ခေါ်ပြီးတော့လှည့်ကြတယ်၊ လှည့်တော့ တားမရတော့ဘူးပေါ့၊ မရမယ့်အတူတူ ဒီလိုမျိုးကတော့မဖြစ်သေးဘူး၊ ပါတီအတွက်လည်းလိုအပ်တာရှိနေတယ်၊စည်းရုံးရေးကမလုပ်လို့လည်းမဖြစ်ဘူး ရွေးကောက်ပွဲကလည်း နီးလာပြီဆိုပြီး၊ အဆိုးထဲကအမြတ်ပေါ့၊ လှည့်မယ့်လူတွေကသိန်းဂဏန်းလောက်ရှိမယ်ဆိုတာသိလို့ တစ်ယောက်ကိုနှစ်ရာသုံးရာထည့်ဦး ပိုက်ဆံအများကြီးရနိုင်တယ်ဆိုပြီး တိုင်ပင်လုပ်ကြတာပါ” လို့ ဒီအစီအစဉ်ဖြစ်ပေါ်လာပုံနဲ့ပတ်သက်လို့ကိုစိုးသီဟကပြောပါတယ်။



Photo: စိုးသီဟ(ကျောက်ဆည်)

အလှူခံအဖွဲ့ကိုနှစ်ဖွဲ့ခွဲပြီး ကျောက်ဆည်မြို့ရှောင်လမ်းမကြီးကနေတစ်နေရာနဲ့ မြို့တွင်းတစ်နေရာစီစဉ်ခဲ့ပေမယ့်လည်း မြို့တွင်းမှာယာဉ်ကြောကြပ်မှုတွေကြောင့် အလှူခံဖို့အခက်အခဲတစ်ချို့ဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်။“တစ်နာရီကျော်လောက်လေးအလှူခံလိုက်ရတာ ၈ သိန်းနီးနီးလောက်ရတယ်၊ မြို့ထဲမှာအလှူခံမယ်ဆိုတော့ လမ်းတွေပိတ်တော့ အလှူခံဖို့ခက်သွားတယ်၊ နို့မို့ဆို ဒီထက်မကဘူးရမှာပါ” လို့လည်း ကိုစိုးသီဟကပြောပါတယ်။

အဲဒီကောက်ခံရရှိတဲ့အလှူငွေတွေကို Covid-19 ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်လုပ်ဆောင်နေကြတဲ့ ပရဟိတ Volunteer တွေနဲ့ ဆေးရုံတွေဆီလှူဒါန်း သွားမှာဖြစ်တယ်လို့လည်းသိရပြီး လှူဒါန်းမယ့်အစီအစဉ်နဲ့ပတ်သက်လို့တော့အများနဲ့စုပေါင်းလုပ်ကြတာမို့လို့ ဆွေးနွေးတိုင်ပင်ပြီးမှပဲ နေရာအတိအကျပြောနိုင်မှာ ဖြစ်တယ်လို့ ကိုစိုးသီဟပြောပါတယ်။ကျောက်ဆည်မြို့မှာ အောက်တိုဘာလ ၂၅ ရက်က အန်အယ်လ်ဒီပါတီထောက်ခံဝန်းရံကြသူတွေစုပေါင်းပြီး မြို့အနှံ့ကားကြီးကားငယ်တွေနဲ့လှည့်လည်အင် အားပြခဲ့ကြတာမှာ ပူးပေါင်းပါဝင်သူဦးရေတစ်သိန်းခွဲနှစ်သိန်းလောက်ရှိတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က