တစ်အိမ်တက်၊ တစ်အိမ်ဆင်းနဲ့ ပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်နေတာပါ။

ပါတီကို ဝန်းရံထောက်ခံသူတွေများတာထက် ရွေးကောက်ပွဲနေ့မှာ စနစ်တကျမဲပေးတက်ဖို့က ပိုအရေးကြီးတာကြောင့် NLD ပါတီအနေနဲ့ သက်ဆိုင်ရာမြို့နယ်တွေအလိုက် တစ်အိမ်တက်တစ်အိမ်ဆင်း မဲစနစ်တကျပေးနိုင်ဖို့ ပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“ ဒီနှစ်မဲဆွယ်စည်းရုံးမှုမှာ အဓိကအခက်အခဲကတော့ ကိုဗစ်စည်းမျဉ်းတွေနဲ့အညီလုပ်ဆောင်ရတာပေါ့။ ကျွန်တော်တို့ ပါတီအနေနဲ့ကတော့ လူစုလူဝေးဖြစ်နိုင်မယ့် ကိစ္စတွေရပ်တွေကိုတော့ ရှောင်ပြီးလုပ်ခဲ့တယ်။ ပါတီကိုဝန်းရံထောက်ခံသူတွေကတော့ သူ့အဖွဲ့အစည်းအလိုက် အင်အားပြလှည့်လည်တာတွေရှိတာပေါ့။ ပါတီကိုဘယ်လောက်ထောက်ခံကြောင်း လူအများနဲ့ အင်အားပြတာထက် ရွေးကောက်ပွဲနေ့မှာ မဲစနစ်တကျပေးတတ်ဖို့က ပိုအရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ပါတီအနေနဲ့ကတော့ အခုချိန်မှာ တစ်အိမ်တက်တစ်အိမ်ဆင်းနဲ့ပဲ မဲပေးမှုပုံစံတွေပို ပညာပေးတာတွေလုပ်ဆောင်နေတယ်”လို့ NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က Duwun ကိုပြောပါတယ်။



ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်းမှာ NLDပါတီကိုအားပေးထောက်ခံတဲ့သူတွေအပေါ် အကြမ်းဖက်လုပ်ရက်တွေကလည်း အခက်အခဲတစ်ခုလိုဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ မဲဆွယ်ကာလအတွင်းဖြစ်ပွါးခဲ့တဲ့ ပဋိပက္ခတွေကြောင့် NLD ဘက်ကအရေးယူထားတဲ့ အမှုကလည်း (၁၀)မှုအထက်မှာ ရှိနေတယ်လို့လည်းသိရပါတယ်။

လာမယ့် ၂၀၂၀အထွေထွေရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း (၁၁)ရက်သာကျန်ရှိတော့တာဖြစ်ပြီး နိုင်ငံရေးပါတီတွေအနေနဲ့ကတော့ မဲဆွယ်စည်းရုံးရေးကာလအနေနဲ့ (၉)ရက်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲနီးလာတဲ့အမျှ ပြည်သူတွေရဲ့ ကျန်းမာရေးက အဓိကကျလို့ ပါတီအင်အားပြလှည့်လည်မှုတွေကိုလည်း ကိုဗစ်-၁၉ စည်းမျဉ်းဘောင်အတွင်းကသာ လုပ်ကြဖို့အတိုင်ပင်ခံကမေတ္တာရပ်ခံပြောကြားထားပါတယ်။

Share

Loading Next Article...
က္က